မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

အစောင့်အရှောက်

on Sunday, April 8, 2012


အစောင့်အရှောက်

ဘ၀ခရီးလမ်းက ကြမ်းတမ်းလှပါတယ်။ အဲဒီလို ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းကို လျောက်လှမ်းနေတဲ့သူတိုင်း အစောင့်အရှောက်ဆိုတာ အမှန်တကယ် လိုအပ်ပါတယ်။
မြတ်စွာဘုရားကတော့ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ-လို့ ဟောကြားတော်မူခဲ့ပါတယ်။
တရားကျင့်သူကို ကိုယ်ကျင့်တဲ့တရားက ပြန်လည်စောင့်ရှောက်တယ်လို့ ဆိုလိုပါတယ်။
တကယ်တော့ အစောင့်အရှောက်ဆိုတာ လောကလူတွေ ထင်နေကြတဲ့ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တို့ မဟုတ်ပါဘူး။ ကုသိုလ်သာ ဖြစ်ပါတယ်။
ကုသိုလ်ရဲ့ အစောင့်အရှောက်ကို မခံရတဲ့ သတ္တ၀ါတိုင်း ဘေးသင့်တယ်။ မီးဘေး မင်းဘေး ရေဘေး လေဘေးဆိုတာ သီးခြားမရှိပါဘူး။ အကုသိုလ်ရဲ့ အကျိုးတွေသာ ဖြစ်ပါတယ်။
နောက်ဆုံး အပါယ်ဒုဂ္ဂတိဘေးအထိ သင့်နေကြတယ်ဆိုတာ ကုသိုလ်ရဲ့ အစောင့်အရှောက်ကို မခံယူကြလို့သာဖြစ်ပါတယ်။
ကုသိုလ်နဲ့သာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ အရေးအကြီးဆုံးဆိုတာ နားလည်သဘောပေါက်ကြ မယ်ထင်ပါတယ်။

0 comments:

Post a Comment