မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

ပိတောက်ပန်း ကဗျာ

on Saturday, April 14, 2012



`` ပိတောက်ပန်း ``

မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပေါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့ သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ ။
 
                                                    (ဆရာ ဇော်ဂျီ )

နှစ်သစ် အဓိဋ္ဌာန်


နှစ်သစ် အဓိဋ္ဌာန်



နှစ်သစ်မှာ ရေးထိုးမယ့်
ဒို့တတွေရဲ့ သမိုင်း
မရိုင်းစေဖို့အတွက် -

မြတ်ဗုဒ္ဓက
သတ္တ၀ါ အချင်းချင်း
ချစ်ခင်စွာ ပေါင်းသင်းလျက်
ညှာတာသနား စာနာမှုများတဲ့
ကြင်နာခြင်း လက်တစ်စုံနဲ့
မုဒိတာနှလုံးသား မျှတစွာ ထားတတ်ဖို့။

မမြဲခြင်းနှောတဲ့ မတင့်တယ်ခြင်းသဘောတွေနဲ့
နှလုံးကောင်းသွင်းတတ်ဖို့
ရာဟုလာ သားပမာ ကရုဏာထား မိန့်မှာသွားခဲ့။

ကောင်းမှုကို ပြု၊ ကောင်းကျိုးကို ရှာ
ဘ၀ဆိုတာ ၀ဋ်ကြွေး
ချစ်သူ မုန်းသူ မရွေး အကောင်းဆုံးပေးဆပ်နိုင်ဖို့။
မည်သူ့အပေါ်မဆို
ငြူစူစောင်းမြောင်း အချစ် အမုန်း ရာဂ ဒေါသတရားတွေ
အားလုံးကို ခ၀ါချ ဥပေက္ခာနှလုံးသားနဲ့
အေးချမ်းစွာ ဆက်ဆံပေါင်းသင်းနိုင်ဖို့။

သောက်စား မူးယစ် လူရမ်းကား မဖြစ်ဖို့။

ဆုတ်ကပ်ကာလ လောကကြီးက ခါးသက်
သတ္တ၀ါတွေအတွက် အချိုဓာတ်တွေ
ဝေငှပေးအပ်နိုင်ဖို့။

မိဘက သားသမီးအပေါ် ဆရာက တပည့်အပေါ်
စုန်ရေတွေချည်း ဒီလောကထဲ စီးဆင်း
ဆန်ရေတွေ ပြန်ဝေပေးနိုင်ဖို့။

နေရေး အတွက် ကြိုးစား ရှာဖွေ
မျှတစွာ သုံး စုဆောင်းနေတုန်း
သေရေးအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့။

လောကတောနက်နက်မှာ
လောကဓံဆိုတဲ့ အမြောက် ဗုံးသံ ကျည်ဆံတွေကြား
ရိုးသားကြိုးစား ရှောင်လွှဲပြေးလွှားရင်း
လောကစစ်ပွဲတွေ အောင်မြင်စွာ တိုက်ခိုက်နိုင်ဖို့
ဒို့တတွေ နိုးကြားစွာနဲ့ ကြိုးစားကြစို့။

ဒါမှသာလျှင်
ဒို့တတွေရဲ့ အဖြစ် ဓမ္မစစ်ကို ရင်မှာပိုက်
မိုက်နေတဲ့ဘ၀တွေ
အသိဥာဏ်လမင်းရဲ့ အရောင်အလင်းနဲ့ ပြောင်းဝင်းလာနိုင်လိမ့်မယ်။

ကံကြမ္မာကပေးတဲ့ မရဏလက်ဆောင်
တဏှာသပ်သွင်းခံ ခန္ဓာအိမ်မြစ်မင်းရဲ့ ဒဏ်
ဖိစီးနှိပ်စက်ခံနေရလို့
လိုတာက မရ ရတာက မလို သောက်လေ ငတ်လေ
အာသာမပြေ ဖြစ်နေကြလို့
မုန်းသူတွေနဲ့ ယှဉ်တွဲ ချစ်သူတွေနဲ့ ကွဲရလွဲရလို့
နှစ်ဟောင်းက အချစ်အကြောင်း
အတိတ်ကိုတွေးပြီး လွမ်းဆွေးသောကတွေနဲ့
မျက်ရည်ကျကျနေရလို့
နာကျင်လောင်ကျွမ်းနေတဲ့ နှလုံးသားမီးတောင်တွေ
အပူဓာတ်တွေ ငြိမ်း အေးကိန်းဆိုက်နိုင်လိမ့်မယ်။
အငိုမျက်လုံးတွေ အပြုံးမျက်နှာနဲ့ ရွှင်ပြလာနိုင်လိမ့်မယ်။
နှစ်သစ်မှာ အချစ်စစ်တွေနဲ့ ပျော်မွေ့လာနိုင်လိမ့်မယ်။

နှစ်သစ်တိုင်းကို ကြိုဆိုလျက် (မိုးဆောင်းနွေ)

အစောင့်အရှောက်

on Sunday, April 8, 2012


အစောင့်အရှောက်

ဘ၀ခရီးလမ်းက ကြမ်းတမ်းလှပါတယ်။ အဲဒီလို ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းကို လျောက်လှမ်းနေတဲ့သူတိုင်း အစောင့်အရှောက်ဆိုတာ အမှန်တကယ် လိုအပ်ပါတယ်။
မြတ်စွာဘုရားကတော့ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ-လို့ ဟောကြားတော်မူခဲ့ပါတယ်။
တရားကျင့်သူကို ကိုယ်ကျင့်တဲ့တရားက ပြန်လည်စောင့်ရှောက်တယ်လို့ ဆိုလိုပါတယ်။
တကယ်တော့ အစောင့်အရှောက်ဆိုတာ လောကလူတွေ ထင်နေကြတဲ့ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တို့ မဟုတ်ပါဘူး။ ကုသိုလ်သာ ဖြစ်ပါတယ်။
ကုသိုလ်ရဲ့ အစောင့်အရှောက်ကို မခံရတဲ့ သတ္တ၀ါတိုင်း ဘေးသင့်တယ်။ မီးဘေး မင်းဘေး ရေဘေး လေဘေးဆိုတာ သီးခြားမရှိပါဘူး။ အကုသိုလ်ရဲ့ အကျိုးတွေသာ ဖြစ်ပါတယ်။
နောက်ဆုံး အပါယ်ဒုဂ္ဂတိဘေးအထိ သင့်နေကြတယ်ဆိုတာ ကုသိုလ်ရဲ့ အစောင့်အရှောက်ကို မခံယူကြလို့သာဖြစ်ပါတယ်။
ကုသိုလ်နဲ့သာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ အရေးအကြီးဆုံးဆိုတာ နားလည်သဘောပေါက်ကြ မယ်ထင်ပါတယ်။

လူမိုက်တို့ သွားရာလမ်း


လူမိုက်တို့ သွားရာလမ်း

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါဝယ်၊
လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည်း။
သန်းခေါင် လကွယ်၊
တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊
အပြည့်ဖုံးသည်၊မိုးလုံးတိမ်တိုက်၊
လျှပ်မကြိုက်သား၊ အမိုက်အပြား၊
အင်လေးပါးထက်၊ နင်ကားရာထောင်၊
မကမှောင်၏။
လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊
ကြမ္မာတော်၍၊ ယခုတွေ့လည်း၊
အလေ့မလွဲ၊ အများနဲလျှင်၊
မိုက်မဲနှင်နှင်၊ မိုက်စရွှင်၏။
မျက်မြင်လောက၊ ဤဘ၀ကား၊
ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။
သေမင်းအစာ၊ နင့်ခန္ဓာကို၊
တဏှာဘီလူး၊ အမှောင့်ပူး၍၊
အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင်၊ နင်ပိုင် မဟုတ်၊
နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို၊
နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊
မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊
နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ။
အာရုံဝတ္ထု၊ မီးစာစုကို၊
မှုမှုရရ၊ နင်အားကျလည်း၊
ဓားပြသေမင်း၊ သူ့တပ်နင်းက၊
မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။
ယီးတီးယားတား၊ သေ၍သွားလည်း၊
တရားမကြွယ်၊ အထုပ်ငယ်လျက်၊
အပါယ်စခန်း၊ သွားမြဲ လမ်း၌၊
တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊
တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊
ထိုထိုဘ၀၊ အနန္တလျှင်၊
အစမဆုံး၊ အများထုံးတည်း၊
အနှုန်းမပျက်၊ အောက်နရက်ဝယ်၊
တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
နင်လိုလူမိုက်၊ သွားလမ်းတည်း။

``အဖေ ပြောတဲ့ ပန်းပျိုးလက်``

on Wednesday, March 21, 2012


``အဖေ ပြောတဲ့ ပန်းပျိုးလက်``

အဖေက ပြောတယ်...
"ဟိုးအဝေးးက တောင်တန်းးကြီးက ဘာအရောင်လဲသမီးး
အပြာရောင်ပါ အဖေ.
သေချာကြည့်ပါ သမီးရဲ့ အစိမ်းရောင်ပါ.
အကွာအဝေးကြောင့် အမြင်ပြောင်းလဲတတ်တယ်လေ"...။။။။။။။။။။-



"ဟိုးနားးက ၀ါးပင်ရဲ့ ၀ါးရွက်ကြွေကရော သမီးး
အ၀ါရောင်ပါ အဖေ.
တချိန်ကတော့ သူလဲအစိမ်းရောင်ပဲသမီးး
ကာလရွှေ့လျားမှုအောက်မှာ အသိဟာ ပြောင်းလဲနိုင်တယ်လေ."...။


"ဒီစပါးခင်းကြီးကကော ဘာအရောင်လဲသမီးး
အစိမ်းရောင်ပါ အဖေ...
နောင်တချိန်မှာတော့ သူလဲ အ၀ါရောင်ဖြစ်လာလိမ့်မယ် အဖေ.
(ကျမစကားကို အဖေက ပြုံးးပြီးးနားထောင်တယ်)
အေးး.....ဟုတ်တယ်သမီးး ဘယ်အချိန်လဲဆိုတော့
ရင့်မှည့်တဲ့အချိန်ပေါ့ သမီးလေးရယ်"...။။။။။။။။




"ဒီနားမှာ လေစိမ်းတွေတိုက်နေတယ် အိမ်ပြန်စို့သမီးး
လေမှာ အရောင်မရှိပါဘူးအဖေရယ်
(အဖေ့ကို ဆရာလုပ်မိတဲ့ကျမစကားး)
အတွေးစိတ်ကူးထဲက အရောင်ဟာ ခံစားမှုကြောင့်
သူ့အလိုလိုဖြစ်ပေါ်လာလိမ့်မယ် သမီးးလေးးး"...။။။။။



"ဘ၀ ဆိုတာကို လွယ်လွယ်လေးးလို့ ဘယ်တော့မှမတွေးနဲ့သမီးးး
မနက်ဖြန်ဘာဖြစ်မလဲ ထိုင်စောင့်နေတာထက် ..
ဒီနေ့မှာ မနက်ဖြန်ဘာလုပ်မလဲ ကြိုတင်ပြင်ဆင်ထားတာဟာ
အဖိုးထိုက်တန်တဲ့ လူသားကောင်းတစ်ယောက်ရဲ့ အလုပ်ပဲ သမီးး"...။။။။။


"သမီးလေးး ငြီးငွေ့လာတဲ့အခါ ပြတင်းပေါက်ကနေ

အပြင်လောက ကို ကြည့်လိုက်သမီးးးးး

ဆိုက်ကားးသမားးတစ်ယောက်ရဲ့ ခြေသလုံးကြွက်သားးမှာ

မိသားစု ပါးစပ်ပေါက်တွေအတွက် ရေသောက်မြစ်တွေနဲ့......


မုဆိုးမတစ်ယောက်ရဲ့ အကြော်ကြော်နေတဲ့တုတ်တံမှာ

မိဘမေတ္တာအတွက် ဆင်စီးးမြင်းးရံ အနာဂတ်အိပ်မက်တွေနဲ့

အပြုံးး........မျက်ရည်ဒွန်တွဲ
ို့

လောကဓံကို စီးချင်းးထိုးးခဲ့တဲ့

မြင့်မြတ်တဲ့ နှလုံးသားးးပိုင်ရှင်တွေရဲ့ ဘ၀ကို


အစီအရီ မြင်တွေ့ရလိမ့်မယ် သမီးးလေးးးးးး "...။။။။။။။။။။။။။။။။။။

"ပညာတတ်ခြင်းးး ....ပညာမတတ်ခြင်းထက်

လူသားးဆန်ဆန် မေတ္တာဟုန်ကြွယ်ဝစွာနဲ့

ဘ၀ကိုရုန်းကန်နေရှာပြီး..အဖြည့်ခံအဖြစ်ပေးဆပ်နေတဲ့

ပန်းပျိုးလက်တွေကို အတုယူပါ သမီးငယ်လေးး....


နောင်အနာဂတ်မှာ.

အဖေ့သမီးလေးးဟာ

လူသားးပီပီသသ.....သမီးကောင်းး
တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက်

ပညာကို အရင်းပြုပြီးး ဘ၀အားမာန်ကိုရွက်လွှင့်တဲ့အခါ

ဘယ်သောအခါမှ..


ပန်းးချိုးးတဲ့လက် မဖြစ်ပါစေနဲ့ အဖေ ဆုတောင်းးမိပါတယ်သမီးးလေးးရယ် "...။။။

                                          ✿♥✿မေဖြူ✿♥✿
                                 (ကျေးဇူးရှင် ဖေဖေ့ကို ထာဝရ ဦးခိုက်လျှက်)