ကြယ်ကလေးမို့ ညကိုရွေးတယ်
ကျွန်တော့်မျက်နှာကို
မှန်ထဲပြန်ကြည့်လိုက်တဲ့အခါ
ထွက်သစ်စ ၀က်ခြံတွေ
အရွယ်ရောက်ပြီး ၀က်ခြံတွေက
သူတို့ရဲ့ အမိမြေလို
တရင်းတနှီး လက်ပွန်းတတီးဖြစ်နေတာ
မြင်ရတယ်။
ထွက်သစ်စ ၀က်ခြံတွေ
အရွယ်ရောက်ပြီး ၀က်ခြံတွေက
သူတို့ရဲ့ အမိမြေလို
တရင်းတနှီး လက်ပွန်းတတီးဖြစ်နေတာ
မြင်ရတယ်။
သည်နေ့ကို လပြည့်နေ့ဟု အထူးပြုသတ်မှတ်ကာ လူအများပျော်ရွှင်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် လူတွေ ပျော်အောင်နေကြသည်။ ၀မ်းနည်းစရာများရှိနေသည့်တိုင် လူတွေ ပျော်ကြသည်။ သည်နေ့သည် ရုံးပိတ်ရက်လည်းဖြစ်ပါသည်။ တစ်နေကုန် ကျွန်တော့်အဖို့ သွားစရာနေရာ မရှိပါ။ မည်သူ့ထံသို့မျှလည်း သွားချင်စိတ်မရှိ။ တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ဖို့ကို လည်း ကျွန်တော် မေ့ချင်ယောင်ဆောင်နေလိုက်သည်။
သည်လိုနေသောအခါ ကျွန်တော့်အဖို့ အထီးကျန်မှုသည် အလိုလိုပင် ၀င်ရောက်လာပါသည်။ သက်ပြင်းများချကာ တစ်ယောက်တည်း ၀မ်းနည်းနေမိသည်။ မနက်ခုနစ်နာရီထိုးမှ ကျွန်တော် အိပ်ယာက နိုးလာသည်။ တစ်ယောက်တည်းဟူသော အသိစိတ်က နည်းနည်းတော့ တုန်လှုပ်စေ သည်။ သို့ပေမဲ့ လွတ် လွတ်လပ်လပ် ဖြစ်နေခြင်းကြောင့် စိတ်သက်သာရာတော့ ရသေးသည်။
ကျွန်တော့်မှာ သားသမီးလည်းမရှိ၊ ဇနီးမယားလည်းမရှိပါ။ ထို့အတူ တစ်ယောက်ယောက်ကို အထူးပြုနေဘို့ လည်း မရှိပါ။ ကျွန်တော့်မှာ ကျွန်တော်သာရှိပါသည်။ တစ်ယောက်တည်း စာအုပ်တစ်အုပ်ကို ချိုင်းကြားညှပ် ကာ လဖက်ရည်ဆိုင်သို့သွားသည်။ ပုံမှန်တစ်ခွက်သောက်သည်။တစ်ချက်တစ်ချက် လမ်းမဘက်သို့ ငေးမော ကြည့်မိသည်။ စာအုပ်ထဲမှ ကဗျာတွေဖတ်ကြည့်သည်။ တစ်ကြောင်းနှစ်ကြောင်းဖတ်ပြီး ဟိုလှန်သည်လှန် လုပ်နေမိသည်။
လဖက်ရည်သောက်ပြီးသောအခါ အဆောင်သို့ပြန်လာသည်။ တစ်ခုခုတော့ လုပ်မှဖြစ်မည်။ ကျွန်တော့် အထီးကျန်မှုကို ကုစားရန်အတွက် အလုပ်ကို မိတ်ဆွေဖွဲ့ရတော့မည်။ ပြဌာန်းစာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကြည့်သည်။ စာအုပ်က ကျွန်တော် နှင့် နည်းနည်းစိမ်းနေသလိုပင်။
“ မာရီလင်း မွန်ရိုး ”၊ “ နိုဝင်ဘာမိုး ” . .စသည့် ကျွန်တော် စိတ်ဝင်စားနိုင်မည့် စာအုပ်တွေအပေါ် မျက်စိ ကစားမိသည်။ စိတ်မ၀င်စား။ ဘာလုပ်ရမှန်းမသိသောကြောင့် ကိုယ့်မျက်ခုံးမွှေးကို ဖိကုတ် နေမိသည်။ သည်လိုနေလို့ မဖြစ်သေးပါ။ ကွန်ပျူတာကို ဖွင့်ကြည့်သည်။ စာနည်းနည်းရေးရရင် ကောင်းမလား။ မရေးချင်သေးပါ။ သည်လိုနှင့် ဂိမ်းဆော့နေလိုက်သည်။ ကျွန်တော် မနိုင်သည့် ဂိမ်းကို ရွေးဆော့သည်။ ခဏခဏရှုံးနေလည်း ထပ်ဆော့မိပါသည်။ကျွန်တော်က တစ်ခါတစ်ရံ နိုင်ရတာထက် ရှုံးရတာကိုပိုပြီး စိတ် ၀င်တစားရှိသည်။ အနိုင်ရချင်သူတွေ များလှသည့်နေရာတွင် အရှုံးကို ဆုလာဘ်တစ်ခု လို ဖက်တွယ်ထား ချင်မိပြန်သည်။
“ ရှုံးစမ်း . .ရှုံးစမ်း . . . ဘာမှမကျန်တော့လောက်အောင် ရှုံးစမ်း ”။ ကျွန်တော့် အရှုံးမာနက ရုန်းကြွနေ သည်။ အနိုင်ကို သယ်ပိုထားရတာထက် အရှုံးကို ဖက်ထားချင်သည်။ မျက်စိကို တင်းတင်းမှိတ် အံစေ့စေ့ ကြိတ်ပြီး အရှုံးကို တစ်ဖန် ပြန်စမိသည်။
တစ်နာရီ . . .နှစ်နာရီ . . .။
တစ်ဘ၀ . . .နှစ်ဘ၀ . . .။
8 8 8
ကျောက်ခဲယောင်ဆောင်နေတဲ့
ထမင်းတစ်ဆုပ်စာအတွက်
မနားတမ်း လမ်းလျှောက်နေရသူ ငါ့အတွက်
နှလုံးသားရပ်ဝန်းမှာ မိုးသည်းပါစေ ဆုတောင်းဘို့
အိပ်မက်တွေကို ဘယ်မှာ လိုက်ရှာရမလဲ . .။
ကျောက်ခဲယောင်ဆောင်နေတဲ့
ထမင်းတစ်ဆုပ်စာအတွက်
မနားတမ်း လမ်းလျှောက်နေရသူ ငါ့အတွက်
နှလုံးသားရပ်ဝန်းမှာ မိုးသည်းပါစေ ဆုတောင်းဘို့
အိပ်မက်တွေကို ဘယ်မှာ လိုက်ရှာရမလဲ . .။
ကျွန်တော် စာအုပ်ဖတ်လိုက် ဂိမ်းဆော့လိုက်ဖြင့် အချိန်ဖြုန်းနေမိသည်။ ကိုးနာရီခွဲခန့်တွင် ကျွန် တော့်ထံ ဧည့်သည် တစ်ယောက်ရောက်လာသည်။ အဆောင်ပြင်ဘက်မှ ကျွန်တော့်နာမည်ကို ခပ်အုပ်အုပ် မေးလိုက်သည့်အသံကို ကြားရကတည်းက ညီမလေးဆိုတာ ကျွန်တော်သိသည်။ သိသည်နှင့်တပြိုင်နက် ကွန်ပျူတာကို ပိတ်လိုက်သည်။ ကွမ်းတံတွေးများ ပေကျံနေသည့် ပါးစပ်ကို ပလုတ်ကျင်းလိုက်သည်။
““ ညီမလေး ဘာစားခဲ့ပြီးပြီလဲ ””
““ ဟင့် . .အင် ဘာမှမစားရသေးဘူး၊ ငါအဝေးကွင်းကနေ လာခဲ့တာ ””
ကျွန်တော် သုံးခါလောက်မေးမှ သူမက ပြန်ဖြေသည်။ ညီမလေးအတွက် ကော်ဖီတစ်ခွက်ဖျော်ပေးလိုက် သည်။ ကျွန်တော့် အနားမှ ပြန့်ကျဲနေသည့် မုန့်ထုပ်များကို လိုက်စုကာ ညီမလေးရှေ့ ချပေးလိုက်သည်။ ညီမလေး ခေါင်းရမ်းသည်။
““ ဟင့် . .အင် . . ငါ ဘာမှမစားချင်ဘူး ””
““ ဘာမှ မစားလို့ဖြစ်မလားကွ၊ တစ်ခုခုတော့ စားရမှာပေါ့ ””
သူမသည် ကျွန်တော့်စကားကို နားမထောင်ပါ။ ကျွန်တော်ချပေးလိုက်သည့် ကော်ဖီခွက်ကို ခပ်တွေတွေ စိုက်ကြည့်နေသည်။
““ ဘယ်မှာလဲ ငါတောင်းထားတဲ့ စာအုပ် ””
““ လူတစ်ယောက် ငှားသွားတယ် ””
““ ငါထင်တယ်၊ ထင်ပါတယ်ဟာ . .၊ နင် အဲလိုမျိုး ဖြစ်မယ်ဆိုတာ ငါသိတယ်၊ ငါ အဝေးကြီးက လာခဲ့ရတယ်၊ မရဘူးဆိုတာလည်း ကြိုသိခဲ့တယ်၊ ဒေါသ ကြိုထွက်ခဲ့ပြီးပြီ၊ ငါ ပြန်မယ်ဟာ ””
ညီမလေးက စိတ်ပျက်လက်ပျက်ဖြင့် သူ့အိတ်ကို ကောက်ဆွဲတော့ ကျွန်တော့်ရင်ထဲမှာမကောင်း။ စိတ်တစ် ဖက်ကလည်း သည်အရွယ်ရောက်လာသည့်တိုင် ကလေးလေးလို ပြုမူချင်သေးသည့် သူမကို ရယ်ချင်နေမိ သည်။ ကျွန်တော် စိတ်မထိမ်းနိုင်စွာ ရယ်မောမိတော့ သူမပိုပြီး ဒေါသ ထွက်သွားသည်။
““ ငါ ပြန်မယ် ဒီမှာနေရင် ပိုပြီး စိတ်တိုရမယ်၊ အရယ်ခံနေရမယ် ”
ကျွန်တော့် ရယ်မောခြင်းများကို နှုတ်ခမ်းထောင့်တစ်နေရာတွင် စေ့ထားလိုက်ပြီး လက်စသတ် လိုက်ပါ သည်။ ညီမလေး အသက်မှာ မငယ်တော့ပါ။ အထူးကုဆေးခန်းတစ်ခုတွင် အလုပ်ဝင်နေ သည်မှာ နှစ်နှစ် ပင်ရှိခဲ့ပြီ။ စာအုပ်တွေ ဖတ်လွန်းသောကြောင့် တည်ငြိမ်ရင့်ကျက်သည့် မျက်နှာ ထားတစ်ခုကိုလည်း သူမ ရထားပြီ။ သည်နှစ်ထဲမှာပင် သူအိမ်ထောင်ကျခဲ့သည်။ သူတို့ဆေးခန်းမှာ ပင် အစ်မဟု သူမကို ခေါ်ကြ သည်။ ကျွန်တော်နှင့် တွေ့မှသာ ကလေးပေါက်စလေးလိုဖြစ်နေတာ။
သူမကျေနပ်သွားစေရန်အတွက် စာအုပ်စင်ပေါ်မှ မဂ်္ဂဇင်းစာအုပ်များကို လှန်လှောပြီး ချပေးလိုက် သည်။ ကျွန်တော့် ၀တ္ထုများကို တွေ့သောအခါ ကလောင်နာမည်ကိုကြည့်ပြီး ပြုံးနေသည်။ သူမ၏ နှုတ်ခမ်း တွန့်လေးထဲမှာ အဓိပ္ပါယ်ပေါင်းများစွာ ပါကြောင်း ကျွန်တော်သာ သိပါသည်။
““ အဲဒီစာအုပ်ကို ဒီနေ့ မရနိုင်ဘူးလား၊ ””
““ အဝေးကြီးပဲ ငါသွားမယူနိုင်ဘူး၊ နောက်ပြီး အမျိုးသမီးတွေများတဲ့အိမ်ကို ငါခဏခဏ မသွားနိုင်ဘူး ””
ကျွန်တော် ခပ်မာမာ ပြောသောအခါ သူမက သဘောကျကာ ရယ်မောသည်။
““ အေးပါဟာ . .၊ အဲဒီစကား တစခွန်းနဲ့တင်ပဲ ဒီနေ့ ငါ ဒီကို လာရတာ တန်ပါတယ်၊ ””
ညီမလေးသည် တစ်ယောက်တည်းနေမည်ဟု ဖွင့်ဟထားသူ၊ စာရေးဆရာဟု ကိုယ့်ကိုယ့်ကို သတ် မှတ်ထား သူ ကျွန်တော့်ထံမှ တစ်စုံတစ်ရာသော အမျိုးသမီးများနှင့် ပတ်သက်သည့် နာမည်ဆိုးသတင်းကြားရမည်ကို စိုးရိမ်ပုံရသည်။ ညီမလေးလည်း ရယ်မောပြုံးရွှင်ရင်း ကျွန်တော်ဖျော်ပေးသည့် ကော်ဖီခွက်ကို ဖြည်းဖြည်း ညင်းညင်း သောက်လေသည်။
8 8 8
ငါ့ကို မကြည့်နဲ့
ငါ နေ့တိုင်းရေလောင်းပေါင်းသင်နေတဲ့
ဟိုနားက သစ်ပင်ကိုကြည့်
သူ့မှာတောင် ရင်သားတွေပေါ်လို့ . . ။
ငါ့ကို မကြည့်နဲ့
ငါ နေ့တိုင်းရေလောင်းပေါင်းသင်နေတဲ့
ဟိုနားက သစ်ပင်ကိုကြည့်
သူ့မှာတောင် ရင်သားတွေပေါ်လို့ . . ။
0 comments:
Post a Comment