မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

အထိနာခဲ့သလား ကဉ္စနာ

on Saturday, January 28, 2012

အထိနာခဲ့သလား ကဉ္စနာ


ဆောင်းရာသီ၏ ညနေစောင်းစ အချိန်တစ်ခုတွင် ကျွန်တော်ဆူးလေမှ ပြန်လာသည်။ ကျွန်တော့် စိတ်ထဲမှာ တစ်စုံတစ်ခုဖြင့် လှုပ်ရှားတက်ကြွနေသည်။ တစ်နေကုန် မြို့ထဲမှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ခဲ့ ရသော်လည်း ခန္ဓာကိုယ်က မပင်ပန်းသေးသလို လန်းဆန်းနေသည်။ သည်နေ့အဖို့ ဒုက္ခ လောကဓံက ငြိမ်သက်နေသေးသည်။ ကျွန်တော့်ကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံသေးပေ။
ကျွန်တော်ဆင်းရမည့် မှတ်တိုင်သို့ ရောက်သောအခါ ခတ်သွက်သွက်ကလေး ပြေးဆင်းလာခဲ့သည်။ ပုံမှန်ထက် နည်းနည်း အမြန်နှုန်းတင်ပြီး လမ်းလျှောက်လာခဲ့သည်။ အဆောင်သို့ ရောက်ရန် အတွက် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ရမည်။ အဆောင်သို့ ရောက်လျှင် ရေချိုးမည်။ အစားတစ်ခုခု စားမည်။ ပြီးလျှင် အိပ်ရာပေါ်မှာ စောင်ခြုံကွေးရင်း စိတ်ကို ဇိမ်တွေ့စေမည့် စာအုပ်ကလေးတစ်အုပ်အုပ်ကို ဖတ် မည်။ ခန္ဓာကိုယ် အနည်းငယ်နွေးထွေးသွားလျှင် စာတစ်ပိုဒ်တစ်လေရေးမည်။ ကျွန်တော့် ဇာတ်ကောင်တွေ အ ကြောင်း စဉ်းစားမည်။
ကျွန်တော်သည် ခြေလှမ်းကို ခပ်သွက်သွက်ကလေး ပိုလှမ်းရင်း ရှေ့မှ အမျိုးသမီးနှစ်ယောက်ကို ကျော်တက် လိုက်သည်။ ပြီးတော့ ကျွန်တော်ရေးချင်သည့် စာကို စဉ်းစားသည်။ သည်နေ့ ကျွန်တော် ရေးမည့် စာတွင် လေနုအေးလေး တိုက်ခတ်နေရမည်။ လေစိမ်းများ မဖြစ်စေရ။ နေရောင်က ၀င်းဝင်း ဖန့်ဖန့် ဖြစ်နေရမည်။ သစ်ပင်ပေါ်မှာ ငှက်လေးများ တီတီတာတာ အော်နေရမည်။ ငြိမ်းချမ်းသော မနက်ခင်း သို့မဟုတ် ညနေခင်း လေးတစ်ခုဖြစ်ရမည်။ ကမ္ဘာပေါ်မှာ မြောက်များလှစွာသော စစ်ပွဲများရှိ သည်။ တစ်ယောက်ကို တစ်ယောက် ညှင်းပန်းနှိပ်စက်မှုများရှိသည်။ တစ်ယောက်ကို တစ်ယောက် မလိုလားမုန်းတီးမှု၊ ခိုးယူလုယက်တိုက်ခိုက်မှု၊ ကိုယ်ကျင့်သီလ ခေါင်းပါးမှုတွေ များစွာရှိသည်။ အဲသည်အကြောင်းအရာများကို ကျွန်တော်မရေးချင်။ ပြီးတော့ ဆက်ဒန်ဟူစိန်, ဘင်လာဒင်စသော လူမိုက်များ အကြောင်းလည်း မရေးချင်။ ဒီကမ္ဘာမှာ ဟစ်တလာ ရှိသလို မာသာထရီဇာလည်း ရှိခဲ့သည်။ ဆိုးဝါးယုတ်မာသည့် အဖြစ်အပျက်များရှိသလို ကောင်းမွန်မြင့်မြတ် သည့် လုပ်ရပ်တွေရှိသည်။ စိတ်ကူးထဲမှာ လှပသည့် အကြောင်းအရာများက နေရာယူနေသည်။ လှပသည့် စိတ်ကူးများကို တွေးနေသည့် ကျွန်တော့်နောက်ကို အသက်အရွယ် အိုမင်းရင့်ရော်နေပြီဖြစ်သည့် အဘွားအို တစ်ယောက် ကပ်လိုက်လာသည်။ ထိုအဘွားအိုက ကျွန်တော့်အား
ငါ့တူ ဟု အာလုပ်ပြုသည်။ ရုတ်တရက် ဆိုတော့ ဘာမှန်းမသိ ကျွန်တော်ကြောင်နေမိသည်။ အဘွားအိုက ကျွန်တော့်ကို ခေါ်နေမှန်းသိသောအခါ လမ်းဘေးသို့ဆင်းကာ ခြေလှမ်းများကို ရပ်လိုက်သည်။ အဘွားအိုအား မျက်နှာခြင်းဆိုင်လိုက်သည်။ အဘွားအိုသည် သူ့လက်ထဲမှ ခေါက်ထီးရိုးကို အတွင်းသို့ ထိုးထည့် သည်။ ပြီးတော့ ကျွန်တော့်မျက်နှာကို တစ်ချက်ကြည့်ပြီး စကားဆိုသည်။ ““ ငါ့တူရယ်၊ အဘွား ဒုက္ခရောက်နေလို့ပါ ၊ အဘွားယောက်ျားက ကြည့်မြင်တိုင်မှာ ကားတိုက်မှုဖြစ်လို့ အဘွား ဥက္ကံက လာခဲ့တာပါ၊ စေစောက ဆေးရုံကြီးမှာ အဘွား ယောက်ျား ကို သွားကြည့်ခဲ့ပြီးပြီ၊ အခုထိ သတိမရသေးဘူး၊ အဘွားမှာ ဥက္ကံပြန်စရာ လမ်းစရိတ်မရှိတော့လို့၊ အဲဒါ ငါ့တူ အဘွားကို ကူညီမ,စပါဦး၊ အဘွား ဒီအသက် အရွယ်ရောက်ပါပြီ၊ သူတစ်ပါးကို မလိမ်တတ်၊ မညာတတ်ပါဘူး၊ တကယ်ပါ ””
အဘွားအိုသည် ပြောပြောဆိုဆိုဖြင့် ဆေးမှတ်တမ်းစာအုပ်တစ်အုပ်ကို ကျွန်တော့်အား ထုတ်ပြသည်။ ဆေးစာအုပ်က အဘွားအို၏ မျက်နှာလိုပင် အိုမင်းဟောင်းနွမ်းနေပြီ။ သည်ရက်ပိုင်းအတွင်းမှာ ကားတိုက်မှုဖြစ်တာ လုံးဝမဖြစ်နိုင်။ ဆရာဝန်ရေးထားသည့် ရက်စွဲများကို ကြည့်တော့လည်း လွန်ခဲ့သည့် လေးငါးလလောက်က ရက်စွဲများဖြစ်နေသည်။ သည်တွင်မှ ကျွန်တော့်ကို လိမ်နေပြီဆိုတာ သဘောပေါက်လိုက်မိသည်။
တကယ်ဆိုလျှင် ကိုယ့်ကိုယုတ်္တိရှိအောင် လိမ်ညာနေတာကို သိပါက သရော်လိုသည့် အပြုံးလေးတစ်ခု ကျွန်တော့် မျက်နှာပေါ်မှာ ပေါ်လာရမည်။ ပြီးတော့ သရော်သည့်အခါ ရယ်တတ်သည့် ထုံးစံအတိုင်း ဟက်ခနဲ တစ်ချက်ရယ်ရမည်။ ပြီးတော့ ကန်တော့ဆွမ်းပါ အဘွားရယ်ဆိုပြီး ဦးညွတ်ပေးလိုက်ရမည်။ အဘွားအိုသည် ရှက်စနိုးသည့်မျက်နှာဖြင့် ကျွန်တော့်ရှေ့မှ ထွက်သွားရမည်။ အဲသည်လို ဖြစ်ရမည် မဟုတ်လား။
ကျွန်တော်သည် တစ်လမ်းလုံး ကိုယ့်စိတ်ကူးလေးနှင့်ကိုယ် ပျော်လာခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏ သရော်သော မျက်နှာပေးဖြင့် အဘွားအိုကို ၀မ်းမနည်းစေချင်ပါ။ ကျွန်တော့်မျက်နှာကို ၀မ်းနည်းချင် ယောင်ဆောင်လိုက်မိသည်။
အဘွားအို၏ မျက်နှာကို စေ့စေ့ကြည့်ရင်း ကရုဏာလှိုင်းတစ်ခုက ကျွန်တော့်ရင်ထဲ ရောက်လာသည်။ အကယ်၍ ငါ့အမေ ဒုက္ခရောက်ပြီး သည်လို လူငယ်လေးတစ်ယောက်ကို ဦးညွတ်တော့မည့်ဟန်ဖြင့် အကူအညီတောင်းခံနေရလျှင် ဘယ်လိုလုပ်မည်နည်း။ ထိုလူငယ်က သရော်မည်။ ပြီးတော့ အော်ဟစ် ငေါက်ငန်းမည်။ ထိုအခါ အမေ၀မ်းနည်းမည်။ ကျွန်တော် သည်လိုမဖြစ်စေချင်ပါ။ ကျွန်တော်စိတ်တွက် တွက်ကြည့်သည်။ သည်နေရာမှ မြေနီကုန်း၊ မြေနီကုန်းမှ ဥက္ကံဆိုလျှင် တစ်ထောင်လောက်တော့ ကုန် မည်။
ဥကံ္ကကားခက ဘယ်လောက်လဲ အဘွား ” 
ထောင့်ငါးရာလောက်ပေါ့ ငါ့တူရယ်  
အဘွားအိုက ပိုပိုသာသာလေးဆိုသည်။ ကျွန်တော် စာအိတ်တစ်အိတ်တစ်အိတ်ကို ဖောက်လိုက်သည်။ ဒီနေ့ ကျွန်တော်အလုပ်မှ ရခဲ့သည့် ငွေထဲမှ အဘွားအို ဆိုသလောက်ကို ကျွန်တော် ထုတ်ပေးလိုက်သည်။
ကျေးဇူးတင်ပါတယ် ငါ့တူရယ်၊ ငါ့တူ ကျေးဇူးကို အဘွားမမေ့ပါဘူး၊ ရော့ ဒီမယ် လက်ဖက်ခြောက် ထုတ်က လေး၊ အဘွားမှာလည်း အဲဒါပဲ ပါတယ်၊ ငါ့တူ ယူသွားပေးပါ၊ အိမ်ပြန်ရောက်ရင် ဒီလက်ဖက်ခြောက်နဲ့ ရေနွေး ကြမ်းသောက် ပေါ့ အဘွားအိုက ပလတ်စတစ်အိတ်ဖြင့် ထုတ်ထား သည့် လက်ဖက်ခြောက်ထုတ် သေးသေးလေးတစ်ထုတ် ကျွန်တော့်ကို ထုတ်ပေးသည်။ ကျွန်တော် အတန်တန် ငြင်းနေသည့်ကြားမှ လွယ်အိတ်ထဲ ထိုးထည့်ပေးလိုက်သည်။ ကျွန်တော် ပိုပြီးသနားမိသွား သည်။
““ အဘွားရယ်၊ ရပါတယ်ဗျာ၊ နေပါစေ၊ အဆင်ပြေရင် ကျွန်တော့်ဆီ ဖုန်းဆက်ပါဦး၊ ရော့ . .ဒါက ကျွန်တော့် လိပ်စာကဒ် ””  
““ သာဓုပါကွယ်၊ ငါတူလေး ကျန်းမာချမ်းသာပါစေ ””                                                              အဘွားအိုသည် ခပ်သုတ်သုတ်ပင် ကျွန်တော့်ရှေ့မှ ထွက်ခွါသွားသည်။ ကျွန်တော်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာခဲ့သည်။
ရုတ်တရက် မထင်မှတ်မှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရသဖြင့် ကျွန်တော့်စိတ်ကူးလေးများပင် ဘယ်ရောက် သွားလို့ ရောက်သွားမှန်းမသိ။ အဘွားအိုအကြောင်း ဆက်တွေးရမလား။ ကျွန်တော့်စိတ်ကူးများကို ထပ်တွေးရမလား။ ဝေခွဲမရတော့။ ငြိမ်းချမ်းသော မနက်ခင်းလေးလည်း ဘယ်ရောက်သွားသည်မသိ။
အဘွားအို ထွက်ခွါသွားသည့် လမ်းဘက်ကို ကျွန်တော်လှည့်ကြည့်လိုက်သေးသည်။ မမြင်ရတော့။ အဘွားအိုသည် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပေပြီ။ လွန်ခဲ့သည့် အတိတ်ဆီက အဖြစ်အပျက် တစ်ခုကခေါင်းထဲတိုးဝင်လာပြန်သည်။
++++++
ကျွန်တော် မှော်ဘီမှာ နေစဉ်တုန်းက သည်လို ညနေစောင်း အချိန်တစ်ခုမှာပဲ ဖြစ်သည်။ စိုက်ပျိုးရေး မြို့တော်ဟု သတ်မှတ်ထားသည့် မှော်ဘီမှာ သစ်ပင် ၀ါးပင်များ၏ အရိပ်ကြောင့် အအေးဓာတ်က စောစော စီးစီး ၀င်ရောက်လာသည်။ မှောင်ရိပ်ပျိုးချိန် ဖြစ်သောကြောင့် အခန်းထဲအောင်းကာ စာဖတ် နေ၍ မကောင်း တော့။ အခန်းထဲသို့ ခြင်များအုပ်စုလိုက် ၀င်ရောက်လာကြပြီ။ ကျွန်တော်ဟာ အုပ်စုလိုက် ၀ိုင်းတိုက်ခိုက် သည့်ခြင်များ၏ဒဏ်ကို မခံနိုင်တော့သောကြောင့် အခန်း ပြင်ဘက် ထွက်လာခဲ့သည်။
ကျွန်တော် ဖတ်ခဲ့သည့် စာအုပ်ထဲမှ အကြောင်းအရာများကို စဉ်းစာရင်း လမ်းလျှောက်ထွက်လာသည်။ နာမည် ကျော် ပြဇာတ်ဆရာကြီး ရှိတ်စပီးယား၏ စာသားလေးတစ်ကြောင်းက ကျွန်တော့်ခေါင်းထဲ ကပ်ညိပါလာသည်။
ၽႊ့ေအဒ် ငည ညောန၊
ႊ့ေအ တငခ့ တန ခေူူ ေ မသ်နယ
ႀပ ေညပ သအ့နမ ညောန
ၽႊသကူိ ်ာေူူ ေ် ်တနနအ. ဟူသော စာသားကလေး။ ဒီစာသားကလေးကို What the Buddha taught (မြတ်ဗုဒ်္ဓဒေသနာ)စာအုပ်ကိုရေးသူ ဒေါက်တာဝါပိုလာရာဟုလာက သူ့စာအုပ်ထဲမှာ ကိုးကားသုံးထားသည်။ စာသား၏ ဆိုလိုရင်း အဓိပ်္ပါယ်မှာ နှင်းဆီပန်းကို အခြားမည်သို့ပင် အမည် ပေးစေကာမူ နှင်းဆီ၏ မွှေးမြသောရနံ့က ပြောင်းလဲမသွားဟု ဆိုလိုရင်းဖြစ်သည်။ အနှစ်သာရပြည့် ၀ပြီး အနက်အဓိပ်္ပါယ် ပြည့်စုံ သည့် အရာတစ်ခုကို အခြားနာမည်တံဆိပ် မည်သို့ပင် ပေးစေကာမူ ယင်းအရာ၏ အနှစ်သာရ ပြောင်းလဲမ သွားဟု ဆိုလိုခြင်းဖြစ်သည်။ ဗုဒ်္ဓဘာသာကို အခြားနာမည်၊ တံဆိပ် မည်သို့ပင် ပေးစေကာမူ ဗုဒ်္ဓဘာသာ၏ လေးနက်သော အနှစ်သာရ၊ ငြိမ်းချမ်းသော တရားဓမ္မ ၏ အသွင်းသဏ္ဍာန်သည် နာမည်ကြောင့် ပြောင်းလဲမ သွားဟု ဒေါက်တာဝါပိုလာရာဟုလာကဆိုသည်။
ငြိမ်းချမ်းသော တရားဓမ်္မဟု ဆိုသောကြောင့် ကျွန်တော်သည် မြတ်ဗုဒ်္ဓအကြောင်းကို စဉ်းစားမိသည်။ တစ်သက်တာလုံး ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ်တော်မူသွားသည့် အဖြစ်အပျက်များကို သတိရ လာသည်။ ငြိမ်းချမ်းရေးဟူသော အသုံးအနှုံးနှင့် ဗုဒ်္ဓဟူသော အသုံးအနှုံးက ခွဲခြားလို့ မရနိုင်အောင်ပင် ထပ်တူကျသည်။
ငြိမ်းချမ်းရေးဟူသည်မှာ တစ်ယောက်ကို တစ်ယောက် အကျိုးလိုလားမှု၊ သနားကြင်နာမှုများဖြင့် တည် ဆောက်ရသည့် အရာဖြစ်သည်။ နားလည်နိုင်မှု၊ သည်းခံနိုင်မှု၊ ခွင့်လွှတ်နိုင်မှုများက ငြိမ်းချမ်းရေး၏ အင်္ဂါ ရပ်များဖြစ်သည်။ နားမလည်နိုင်မှု၊ သည်းမခံနိုင်မှု ခွင့်မလွှတ်နိုင်မှုများကတော့ မငြိမ်းချမ်းမှု၏ အကြောင်း တရားများဖြစ်သည်။ ဗုဒ်္ဓမြတ်စွာသည် ငြိမ်းချမ်းရေး၏ အမှတ်သင်္ကေတ၊ ဘယ်သော အခါမှ မပျောက် ကွယ်မည့် အမှတ်ရစရာလည်း ဖြစ်သည်။
ကျွန်တော်ကား ငြိမ်းချမ်းရေးနှင့် အခြားအကြောင်းအရာများကို စဉ်းစားရင်း လမ်းလျှောက်လာခဲ့သည်။ အဆောင်မှ ထွက်လာခဲ့တာ အချိန်အတော်ကြာသွားသည်။ စိုက်ပျိုးရေးတက်္ကသိုလ်ဝင်းထဲမှထွက်ကာ မှော်ဘီပြည်လမ်းမှ ပြန်လှည့်လာခဲ့သည်။ နာရီကိုကြည့်တော့ ခြောက်နာရီခွဲသွားပြီ။ အဆောင်မှာ စာ သင်ပေးဖို့ ကိစ္စနောက်ကျမည် စိုးသောကြောင့် ဆိုက္ကားတစ်စီးကို ငှားပြီး ပြန်လာခဲ့သည်။ အအေး ဓာတ်က ပိုမိုပြီး လွမ်းခြုံရစ်ပတ်လာလေပြီ။ စီးလာသည့် ဆိုက်္ကားက တော်တော်နှေးနေသည်။ အဆောင်သို့ အမြန် ရောက်လိုဇောဖြင့် မြန်မြန်နင်းပေးပါဗျာ ဟု ဆိုက်္ကားသမားကို လောဆော်လိုက်သည်။ နှေးကွေးနေတာကို စိတ်မရှည်နိုင်တော့။ ဆိုက်္ကားသမားကို ကြည့်ရသည်မှာ လည်းပင်ပန်းနွမ်းနေပုံရသည်။
ဟေ့လူ . . ဘာဖြစ်နေတာလဲဗျ၊ ဆိုက်္ကားက ဒီထက်ပိုမြန်လို့ မရတော့ဘူးလား ””
““ ကျွန်တော် ပင်ပန်းနေလို့ပါဗျာ၊ မနေ့ညကလည်း ကျွန်တော်မအိပ်ရဘူး၊ မနေ့က ကျွန်တော့်မိန်းမ ဆုံးတယ်ဗျ၊ တီဘီရောဂါနဲ့ပဲ၊ သူကတော့ ဗမာဆေးလေးဘာလေးသောက်ရင် ပျောက်မယ် ထင်နေတယ်၊ ဒါပေမယ့် မရပါဘူး၊ ရောဂါက အခြေအနေတော်တော်ဆိုးနေပြီ၊ အိမ်မှာကလည်း ကလေးသုံး ယောက်က ရှိနေတော့ ဆေးခန်းပုံမှန် သွားဖို့ နေနေသာသာ အလုပ်တောင် မနားရပါဘူး၊ ဒီလိုရက်မျိုးမှာ ကျွန်တော် လည်း ဘယ်ဆိုက်္ကားနင်းချင်ပါ့မလဲဗျာ၊ ဒါပေမယ့် အိမ်မှာ ကလေးတွေက ကျွန်တော်မှ ဆိုက်္ကားမနင်းရင် စားစရာရှိမှာ မဟုတ်ဘူး ””
ဆိုက်္ကားဆရာက မျက်နှာကိုငုံ့ကာ အားစိုက်ပြီးနင်းရင်း ပြောသည်။ ကျွန်တော် ဘာပြောလို့ ပြောရမှန်း ပင် မသိတော့။
တစ်လမ်းလျှောက်လုံး ကျွန်တော်သည် စာအုပ်များအကြောင်း စဉ်းစားလာခဲ့သည်။ ရှိတ်စပီးယား၏ ကဗျာ လေးကို ခံစားလာခဲ့သည်။ ဘ၀၏ အနှစ်သာရကို တွေးတောခဲ့သည်။ ငြိမ်းချမ်းရေးအကြောင်းကို စိတ်ကူးခဲ့ သည်။ ယင်းအရာများသည် ဆိုက်္ကားဆရာ၏ စကားလုံးများအောက်မှာ ပျောက်ကွယ်ကုန်သည်။
ကျွန်တော့်မျက်လုံးထဲမှာ အမေ့အလောင်းကို ရှေ့မှာထားပြီး ဆာလောင်မွတ်သိပ်နေကြမည့် ကလေး များကို မြင်ယောင်မိလာသည်။
ကျွန်တော်မှာက ငြိမ်းချမ်းရေးကို ရှိတ်စပီးယား၏ နှင်းဆီနှင့်နှိုင်းပြီး တွေးတောနိုင်သေးသည်။ ဆိုက်္ကား ဆရာ၏ ကလေးများကတော့ အိမ်ထဲမှာ သူတို့ဝမ်းမီးငြိမ်းရေးကို မည်သို့ စဉ်းစားနိုင်ကြမည်နည်း။
အဆောင်သို့ ရောက်သောအခါ နှစ်ရာပေးစီးနေကျ ဆိုက်္ကားခကို ငါးရာပေးလိုက်ရုံမှအပ ဆိုက်္ကားဆရာ ကို ကူညီဖို့ ကျွန်တော် ဘာမှမတတ်နိုင်ခဲ့။ စကားလုံးလှလှများ စိတ်ကူးလှလှများထဲမှာ နစ်မြုပ်နေ တတ်သည့် ကိုယ့်ကိုယ်ကို ရှက်စနိုးဖြစ်မိရသေးသည်။ အချက်အလက်များကို ကိုးကားပြီး စကားပြော ချင်လှသော ကျွန်တော့်ကို မြင်ယောင်လာသော ကလေးများပုံရိပ်က ပြောင် လှောင်နေသလိုပင်။
++++++

ကျွန်တော်သည် အတိတ်က အဖြစ်အပျက်လေးကို သတိရရင်း အဆောင်သို့ ပြန်ရောက်လာခဲ့သည်။ ထုံးစံအတိုင်းပင် ရေချိုးသည်။ တစ်ခုခုစားသည်။ စာအုပ်တစ်အုပ်ကို ဖတ်ဖို့ စာအုပ်စဉ်ကို လှန်လှောတော့ စာရွက်ကလေးတစ်ရွက် ထွက်ကျလာသည်။ ခေါက်ရိုး ကျိုးနေပြီဖြစ်သည့် စာရွက်ကလေး တစ်ရွက်။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးခဲ့သည့် ကဗျာစာရွက်လေးတစ်ရွက်။

အထိနာခဲ့သလား ကဉ္စနာ

အထိနာခဲ့ပြီလား ကဉ္စနာ
အဲယားကွန်းခန်းထဲမှာပဲ
မင်းချစ်တဲ့ မျက်ခင်းစိမ်းတွေကြားမှာပဲ
မင်းနားထောင်ချင်ခဲ့တဲ့ ရယ်သံတွေကြားမှာပဲ
အထိနာခဲ့ပြီလား . . ။
အဝေးကြီး အဝေးဆုံး လို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့ ကဉ္စနာ
ဒီကမ္ဘာမှာ
ငှက်ဖျားရောဂါရှိသလို
နံနက်ခင်း မေတ္တာပို့တေးတွေရှိတယ်။
ဒီကမ္ဘာမှာ
ဟစ်တလာရှိသလို မာသာထရီဇာလည်းရှိတယ်
လှပအေးသက်တဲ့ ရှုကွက်ဆိုတာ
မျက်လုံးနဲ့ တိုက်ရိုက်ပတ်သက်တယ်
ကဉ္စနာရေ . .
မင်းထိုင်နေတဲ့
အုတ်ခုံတန်းဘေးက သစ်ပင်ပေါ်မှာ
ငှက်ကလေးတွေက တစ်စီစီကြည်လို့
ချစ်သူစုံတွဲတွေက
သတ္တလောကကို တေးဆိုလို့
ကဉ္စနာ
တကယ်တော့
လောကကြီးဟာ သိပ်လှပါတယ်။

ကျွန်တော်ဟာ ဒီကဗျာလေးအတိုင်း သံယောင်လိုက်ကာ တွေးနေမိပါသည်။ ကမ္ဘာလောကကြီးက သိပ်ကို လှပပါ သတဲ့လား။
စကားလုံးတွေနဲ့ပဲ လှပနေတာလား ကဉ္စနာ။ ဘယ်လိုများ လှပနေတာလဲ ကဉ္စနာ။
တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ စကားလုံးများနဲ့ တည်ဆောက်ရုံနဲ့ မရနိုင်တာတော့ သေချာလှပါသည် ကဉ္စနာ။


သားအေးည

ကမ္ဘာတွင် အမွန်မြတ်ဆုံးဘာသာ

on Sunday, January 22, 2012

ကမ္ဘာတွင် အမွန်မြတ်ဆုံးဘာသာ
 
၂၀၀၉-ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် ဂျနီဘာမြို့၌ အခြစိုက်သော 
နိုင်ငံတကာ ဘာသာပေါင်းစုံ မဟာမိတ် ဖြစ်ပေါ်တိုးတက်ရေးအသင်းကြီး (ICRAUS) က
နိုင်ငံတကာမှ ဘာသာရေးဦးဆောင်မှု ပြုသူများအား ဖိတ်ကြား၍
မိမိတို့ကိုးကွယ်ရာ ဘာသာအကြောင်း ဆွေးနွေးစေခဲ့သည်။ ထို့နောက် ဆွေးနွေးခဲ့သည့် ကိုးကွယ်ရာဘာသာ အသီးသီးမှ ကမ္ဘာတွင် အမွန်မြတ်ဆုံးဘာသာကို မဲဆန္ဒပေး၍ ရွေးချယ်ခဲ့ကြသည်။

  ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့သည်။
ထို(ICRAUS)အသင်းကြီးတွင် ဗုဒ္ဓဘာ
သာအသင်းဝင်အရေအတွက်မှာ 
မဖြစ်စလောက်အနည်းငယ်သာ ပါဝင်ပါသည်။

သို့သော် စားပွဲဝိုင်းဆွေးနွေြး
ပီးနောက် ကမ္ဘာတွင် အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ်ရာ တွင် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင် အမွန်မြတ်ဆုံး ကိုးကွယ်ရာ ဘာသာအဖြစ် မဲဆန္ဒပေးခဲ့ကြသည်။
ထို့သို့မဲဆန္ဒပြုရခြင်းနှင့် ပက်
သက်၍ ဘာသာရေးခေါင်းဆောင်များ၏
ဝေဖန်သုံးသပ်မှုမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ထို(ICRAUS) အဖွဲကြီး၏ သုတေသနဌာနညွှန်ကြားရေးမှူးဖြစ်သူ  ဂျိုနာဟ်သ် (Jonna

Huant ) က ဗုဒ္ဓဘာသာဟာ ကမ္ဘာ့အမွန်မြတ်ဆုံး ကိုးကွယ်ရာ
ဘာသာ ဖြစ်လာတာ
အံ့သြစရာကိစ္စ မဟုတ်ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ အခြားအခြားသော ဘာသာတွေမှာ ဘာသာရေးစစ်ပွဲတွေဖြစ်ခဲ့ပေမဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘာသာရေးစစ်
ပွဲဆိုတာ ဘယ်စာပေကျမ်းဂန်မှာမှ
အရိပ်အမြွက်တောင် မတွေခဲ့ရလို့ပါ
ပဲ။

အခြားအခြားသော ဘာသာတွေမှာ ကိုးကွယ်ရာဘုရားသခင်မှ အမှားတစ်ခုလုပ်ခဲ့ရင်

တိုက်ခိုက်ဖို့လက်နက်ကို အသင့်ပြင်ထားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေးအတွက် စစ်ရေးမပြင်ပါဘူး။
အခြားခြားသောဘာသာဝင်တွေမှာ မတွေရတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို
ဗုဒ္ဓဘာသာဝင်တွေ လိုက်နာကျင့်သုံးနေလိ
ု့ပါပဲ ဟု ထုတ်ဖော်ပြောခဲ့သည်။
  ကတ်သလစ်ဘာသာဘုန်းတော်ကြီးဖြစ်သော ဘဲလ်ဖတ် (Belfast) မှ
ဖာသာတက်အိုရှောင်နက်ဆီ (Father Ted 'o' Shaugh-nessy)က " ကျုပ်က
ကတ်သလစ်ဘုရားကျောင်းကို ချစ်ပါ
တယ်။
ဒါပေမဲ့ ကျုပ်တို့က လူသားချင်းသတ်ဖြတ်ရတဲ
့အခါ
ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်ကျဖြစ်
တယ်လို့ပြောရပြီး ကျမ်းစာထဲ စာထဲမှာပါတဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုတော့
မဆုံးနိုင်အောင် ဟောပြောပို့ချေ
နရတယ်။ ဒီအချက်က ကျုပ်စိတ်ထဲမှာ
ဘ၀င်မကျဘူး။ ဒါကြောင့် ကျုပ်ရဲ့မဲဆန္ဒကို ဗုဒ္ဓဘာသာကို ပေးလိုက်ရတယ် "ဟု ဖွင့်ပြောခဲ့သည်။
 ပါကစ္စတန်နိုင်ငံမှ မူဆလင်ဘာသာရေးခေါင်းဆောင် တယ်ဗင်ဝါဆက်  (Tal BinWassad ) ကလည်း
သူ၏စကားပြန်မှ တဆင့်ပြောရာတွင် "ကျွန်တော်က မူဆင်ဘာသာကို ကိုးကွယ်သူပါ။ ဒါပေမဲ့ မူဆလင်ဘာ သ မှာ ပုဂ္ဂိုလ်ရေးထက် ဘာသာရေးပေါ်မှာ အခြေခံပြီး သွေးမြေကျမှုတွေ၊ ဒေါသ အာဃာတများမှု တွေဖြစ် ခဲ့တယ်။ ဗုဒ္ဓဘာသာမှာ ဒါတွေမရှိခဲ့ဘူး"ဟု ပြောပြီး ဆက်လက်၍ သူက " ကျွန်တော်ရဲ့ အကောင်းဆုံး မိတ်ဆွေအချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ "ဟု ဆက်ပြောပါသည် ။
           ဂျေရုဆလင်မြို့မှ ဂျူးဘာသာရေးခေါင်းဆောင် ရက်ဘီးရှမြူရယ် ၀က်ဆာဟိန်းက "ဟုတ်ပါတယ် ကျွန်တော်ဂျူးအယူဝါဒ (Judaism ) ကို ချစ်ပါတယ်၊ ဂျူးဝါဒဟာ ကမ္ဘာအကောင်းဆုံးဝါဒလို့ ထင်ပါတယ်။
ဒါပေမယ့် ရိုးသားစွာ ပြောရမယ်ဆို
ရင် ကျွန်တော်ဟာ နေ့စဉ် ဂျူးဘာသာ ကိုးကွယ်ဆုတောင်းမှုတွေ ပြုလုပ်ပြီးတိုင်း ဗုဒ္ဓဘာသာ ၀ိပဿနာတရား ကျင့်ကြံမှုလုပ်တာ ၁၉၉၉၃ခုနှစ်ကနေ ယနေ့အထိပါပဲ "ဟု ထုတ်ဖော်ပြောပြပါသည်။
"ကမ္ဘာ့အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာ
သာ" အဖြစ်  ဤသို့လျှင် ဗုဒ္ဓဘာသာကို မဲပေးဆုံးဖြတ်ခဲ့ကြပြီး ဆုချီးမြှင့်မည်ပြုရာ ဗုဒ္ဓဘာသာအသင်းဝင်များက ဆုကို လက်မခံနိုင်ကြောင်း ပြောဆိုကြသည်။ အကြောင်းကိုမေးမြန်းရာ ဗုဒ္ဓဘာသာရဟန်းတော်ကြီးဖြစ်သော ဘန္တေဂူရထဟန္တ ( Bhante Ghurata Hanta) က "ခုလို အသိအမှတ်ပြုခံရတာကပဲ ကျေးဇူးကြီးလှပါပြီ။ အခုပေးတဲ့ ဆုကို လူသားမျိုးနွယ်ဆက်
အားလုံးကိုပဲ ခွဲဝေပေးပါ။ ကျုပ်တိ
ု့ဘာသာဝင်အားလုံးရဲ့ ရင်ထဲမှာ ဗုဒ္ဓရဲ့ စွန်ကြဲခြင်းတရား ကိန်းဝပ်နေ ပါတယ်။ ဒီဆုကို လက်ခံချင်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်များ ရှိလို့ရှိငြား အနှံ့အပြားရှာကြည့်ပါ။
တွေ့ခဲ့ရင်တော့ ခင်ဗျားတို့ကို ပြန်ပြောပါမယ်"ဟု မိန့်ကြားတော်မူပါသည်။
 အထက်ပါ အကြောင်းအရာများသည်  ရန်ကုန်မြို့ မဟာစည်ဗုဒ္ဓဘာသာ သာသနာ့နုဂ္ဂဟအသင်း
ဥက္ကဋ္ဌထံမှ ရရှိသော ( ICARUA) အသင်းကြီး၏ အီးမေးလ်များဖြစ်ပါတယ်။

စာရှုသူများ ဓမ္မပီတိဖြစ်ရန် ထပ်ဆင့်ဝေမျှလို
က်ပါသည်။

သာသနာ့အလင်းတန်းဂျာနယ် အတွဲ(၁)၊ အမှတ်(၂) ၂၀၁၀-မှ ကူးယူပါသည်။

==============
မြန်မာဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနို
င်တာ ဘာသာတရားကြောင့်ပါ။ 
ဘာသာပျောက်လျှင် လူမျိုးပါ ပျောက်ပါလိမ့်မည်။ ထိုကြောင့် ကိုယ့်ဘာသာ ကိုယ့်သာသနာအပေါ်
အစဉ်လေးစား ချစ်ခင်မြတ်နိုးစိတ်
များ ထက်သန်စေရန် ထပ်ဆင့် (ထပ်ဆင့်) ဝေမျှလိုက်ပါသည်။
===============

ဘ၀မှာ ကျော်ဖြတ်ရမည့် အဟန့်အတားများ (အပိုင်း- ၁)

on Saturday, January 21, 2012


ဘ၀မှာ ကျော်ဖြတ်ရမည့် အဟန့်အတားများ (အပိုင်း- ၁)

      ဘ၀-ဟူသည် ပြေပြစ်ချောမွေ့မှု မဟုတ်။ ခက်ခဲပင်ပန်းမှု၊ ကြိုးစားရုန်းကန်မှု၊ နိုးကြား၊ ရိုးသား၊ သင်ကြား မှုပင်ဖြစ်သည်။ ဘ၀ဆိုတာ ၀ဋ်ကြွေးဟုလည်း ဆိုကြသည်။ ၀ဋ်မှာ အမြဲ ငရဲမှာ အပ-ဟု အဆိုရှိ သည့်အတိုင်း ၀ဋ်ကြွေးမှန်က ပြန်လည် ပေးဆပ်ရစမြဲဖြစ်သည်။ မိမိတို့သည် ခက်ခဲကြမ်းတမ်းမှု များကြားကနေ ကြိုးစား ရုန်းကန်မှုများဖြင့် ဘ၀ကို တည်ဆောက်ကြသည်။ သံသရာအဆက်ဆက်က တင်ကျန်ရစ်ခဲ့သည့် ၀ဋ်ကြွေး များကို ပေးဆပ်ရင်းဖြင့်လည်း ဘ၀ကို တည်ဆောက်ကြသည်။ သို့ပေ မယ့်လည်း တစ်ဦးနှင့်တစ်ဦး အကျိုး ပေးကား ကွာခြားမြဲပင်ဖြစ်သည်။ တချို့က အောင်မြင်သည်။ တိုးတက်သည်။ တချို့ကျတော့ ဆုံးရှုံးသည်။ ဆုတ်ယုတ်သည်။ ရုန်းရင်းနဲ့ နစ်နေကြသည်။ မိမိတို့ ဗုဒ္ဓဘာသာဝင် အများစုသည် တခါတလေ ကံကိုပုံချ ဆူးပုံကို ခွထိုင်ထားတတ်သည်။ ကံဟူရာ၌ အများက အတိတ်ကံကိုသာ လက်ညှိုးထိုး ညွှန်ပြတတ်သည်။ ပစ္စုပ္ပန်ဘ၀မှာ မိမိတို့တတွေ နေ့စဉ်နှင့် အမျှ ပြုမူ၊ ပြောဆို၊ ကြံစည်နေသည်များကိုတော့ ကံဟု အမှတ်မရ မေ့ထားတတ်ကြလေသည်။ အရေးကြီးသည်က မိမိတို့နေ့စဉ်နှင့်အမျှ ပြုမူပြောဆို ကြံစည်နေမှုများကကော ကုသိုလ် အကုသိုလ် ကံနှစ်မျိုးမှာ ဘယ်သင်းက အဖြစ်များနေသနည်းဟု ကိုယ့်ကိုယ်ကို ထာဝစဉ် သုံးသပ်နေ ရမည်ဖြစ်သည်။
            အတိတ်ကုသိုလ်ကံ၊ ရှိပါပြန်လည်း၊ အမှန်ပစ္စုပ်၊ အားမထုတ်သော်၊ အဟုတ်အကျိုး၊ မရနိုးရှင့်- ဟူသော ဆုံးမလင်္ကာလေးသည် မိမိတို့အတွက် သတိချပ်စရာပင်ဖြစ်သည်။ အတိတ်ကုသိုလ်ကံတွေ ဘယ်လောက်ပင်ရှိစေကာမူ ယခုလက်ရှိပစ္စုပ္ပန်ဘ၀မှာ ကြိုးစားအားထုတ်မှုမရှိခဲ့သော် အတိတ်မှာပြု လုပ်ဆည်းပူးခဲ့သော ကုသိုလ်ကံများက အကျိုးပေးခွင့်မသာဘဲ ဖြစ်နေတတ်သည်။ ထို့ကြောင့် အတိတ်ကုသိုလ်ကံကိုချည်း အားကိုးနေ၍လည်း မဖြစ်ပေ။ ထို့အတူပင် ပစ္စုပ္ပန်မှာ ဘယ်လောက်ပင် ကြိုးစားအားထုတ်စေကာမူ အတိတ်ကုသိုလ်ကံ နည်းပါးမှုကြောင့် ကြိုးစားသလောက် အရာမရောက် သည်များလည်း ရှိတတ်သည်။ တစ်ဖက်က ဖြစ်ထွန်းနေပေမဲ့ တဖက်က ချို့ ယွင်းဖြစ်နေတတ်သည်။ စီးပွါးရေက အဆင်ပြေသော်လည်း ကျမ်းမာရေးက ချူချာနေတတ်ပြန်သည်။ ပညာတွေ တတ်ပေမဲ့ လည်း စီးပွါးရေးက အဆင်မပြေ။ ဒီလိုနဲ့ ဘက်စုံပြည့်စုံမှု၊ အဆင်ပြေမှုတွေနဲ့ လွဲနေတတ်ပြန်သည်။
            မိမိတို့တတွေသည် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပင်ပြုလုပ်ငြားသော်လည်း ကုသိုလ်တွေ ပြုရင်းနဲ့ အကုသိုလ်တွေကိုပါ စုစည်းမိလျက်သား ဖြစ်နေမိတတ်သည်။ အဖြူ အမည်းရောသော ကုသိုလ်ကံဟု ဆိုနိုင်သည်။ ထိုအဖြူအမည်းရောသော မသန့်ရှင်းသော ကုသိုလ်ကံကြောင့်ပင် အကျိုး ပေးပြန်တော့လည်း ကောင်းကျိုးသက်သက်မဟုတ်ပဲ ဆိုကျိုးများပါ ကပ်တွယ်လျက် ပါလာတတ်ကြ သည်။ အမှန်တော့ မိမိတို့တတွေသည် အဖြူသက်သက်ဖြစ်သော ကုသိုလ်ကံကို မဆည်းပူးတတ်ခြင်း ကြောင့်သာ ယခုကဲ့သို့ အကောင်းအဆိုး ဒွန်တွဲနေသော အကျိုးတရားများကို ခံစားနေရခြင်းဖြစ်သည်။ လူ့ပြည်မှာ လူဖြစ်ပြန်သော်လည်း တချို့က ဆင်းရဲသည်။ တချို့ က အဆင်းမလှ။ တချို့ ကျတော့ ပညာ မတတ်။ ချာချာလည်ပတ်နေသော သံသရာရဟတ်ထဲမှာ မပြည့်မစုံ စုန်လိုက် ဆန်လိုက် နိမ့်လိုက် မြင့် လိုက်ဖြင့် ဘ၀မျိုးစုံ အလွှားမျိုးစုံ ကျင်လည်နေကြရပေသည်။ သင်္ခန်းစာယူတတ်မယ်ဆိုလျှင် ယူစရာ သင်္ခန်းစာတွေက သံသရာနှင့်အမျှ မိမိတို့မှာ ရှိပြီးသာဖြစ်သည်။ သို့သော် မိမိကိုယ်ကို ပြန်လည်သုံး သပ်မှု အားနည်းခြင်းကြောင့်သာ သင်္ခန်းစာဆိုတာ စာအုပ်ထဲမှာပဲ ရှိပြီး ဘ၀ထဲမှာရှိတာကို မသိခြင်း ဖြစ်ပေသည်။ သံဝေဂဆိုသည်ကား ဘာမှန်းပင် မသိကြတော့ပေ။ မှန်ပေသည်။ မိမိတို့သည် အဆင်မ ပြေမှုများနှင့် ကြုဆုံလာတိုင်း သူများကိုသာ လက်ညှိုးတွင်တွင် ထိုးတတ်သောအကျင့်သည် အရိုးစွဲ၍ နေချေပြီ။
            အမှန်တော့ ဘ၀သည် မတည်မြဲပါ။ ဒါပေမဲ့ ခဏမျှ တည်ဆဲဖြစ်သော ပစ္စုပ္ပန်ဘ၀လေးမှာတော့ လူတိုင်းလူတိုင်း စီးပွါးရေး၊ ကျန်းမာရေး၊ ရုပ်ဆင်းရူပကာယ၊ ပညာအရည်အချင်း စသည်စသည်. ရှိသင့်ရှိထိုက်သော ဂုဏ်အရည်အချင်းများနှင့် ပြည့်စုံချင်ကြသည်။ ချမ်းသာချင်သည်။ ကျန်းမာချင် သည်။ ရုပ်ချောချင်သည်။ ပညာတတ်ချင်သည်။ ချင်ရုံနဲ့တော့ မရ၊ ကြိုးစားမှသာ ရနိုင်လိမ့်မည်ဖြစ် သည်။ မိမိတို့ ကိုးကွယ်ဆည်းကပ် အားထားရာ ဗုဒ္ဓမြတ်စွာသည်ပင် ဘုရားဖြစ်ချင်ရုံ ဘုရားဆုကို ပန် ရွယ်ရုံဖြင့် ဘုရားအဖြစ်ကို ရလာခဲ့ခြင်းမဟုတ်ပေ။ ဘုရားဖြစ်ချင်သည့်ဆန္ဒတော်ကြောင့် ဘုရားဆုကို ပန်ရွယ်ပြီးနောက် လေးအသင်္ချေနှင့် ကမ္ဘာပေါင်းတစ်သိန်းကာလပတ်လုံး ကိုယ်တော်၏ အသက် ခန္ဓာ စည်းစိမ် ရာထူး သွေး ချွေး အထူးထူးတို့ကို စွန့်လွှတ်ပေးဆပ်တော်မူပြီးမှသာ ဘုရားအဖြစ်သို့ ရောက်ရှိ ခဲ့ခြင်းဖြစ်ပေသည်။ ဤလောက၌ အလုံးစုံပြည့်စုံသောပုဂ္ဂိုလ်ကို ညွှန်ပြပါဆိုလျှင် ဘုရားရှင်ကိုသာ ဦးတင်ညွှန်ပြရလိမ့် မည်ဖြစ်ပေသည်။ ဘုရားမှတပါး အခြားပုဂ္ဂိုလ်ကို ညွှန်ပြဖို့ရာ လုံးဝမဖြစ်နိုင်ပေ။ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် အလုံးစုံပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်သကဲ့သို့ သူ၏ တပည့်သာဝကများကိုလည်း ပြည့်စုံစေ ချင်သည်။ ချမ်းသာစေချင်သည်။ ကျန်းမာစေချင်သည်။ ပညာတတ်စေချင်သည်။ ရုပ်ချောစေချင်သည်။ ထို့ကြောင့်လည်း ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ဖလသမာပတ်ဝင်စား လျက် နိဗ္ဗာန်ချမ်းသာကို အေးငြိမ်းသက်သာ ခံစားတော်မမူအားရှာပဲ (၄၅)၀ါကာလပတ်လုံး တရားမျက်လုံးများ သူ၏တပည့်များအား ဟောကြားတပ်ဆင်ပေးတော်မူခဲ့ပေသည်။

(၁) ပျင်းရိခြင်းသည် စီးပွါးရေးကို ဖျက်ဆီးသည်။
            မိမိတို့တတွေ မကြီးပွါး မတိုးတက်ခြင်း၏ အဓိကတရားခံသည် ပျင်းရိခြင်းပင်ဖြစ်သည်။ အလုပ် လုပ်ရမှာ ပျင်းသည်။ ပညာရှာရမှာ ပျင်းသည်။ စာဖတ်ရမှာ ပျင်းသည်။ တရားအားထုတ်ရမှာ ပျင်း သည်။ ပျင်းရိခြင်းသည် ကြိုးစားအားထုတ်မှု ၀ီရိယ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပျင်းရိမှုတွေနဲ့ပဲ အချိန် တွေ ကုန်ဆုံးသွားသည်။ အချိန်းတွေဖြုန်းရင်းနဲ့ အချိန်တွေ ပြုန်းတီးသွားသည်။ လဘက်ရည်ဆိုင်ထိုင်၊ ကွမ်းစား၊ ဆေးသောက်၊ မူးယစ်သောက်စား၊ သူငယ်ချင်းများနဲ့ အလည်အပတ်များလျက် ကာမဂုဏ် အာရုံနောက် ကောက်ကောက်ပါအောင် လိုက်စား မိုက်မှားလျက် တန်ဖိုးရှိသော အချိန်များစွာကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ရပေသည်။ မိမိတို့တတွေ စီးပွါးရေးမှာ ဘာကြောင့်မတိုးတက်ကြသလဲ ပြန်စဉ်း စားပါက ပျင်းရိခြင်းဆိုတဲ့ တရားခံကိုသာ လက်ရဖမ်းမိပေလိမ့်မည်။ နိုင်ငံမှာ အလုပ်လက်မဲ့တွေ များ လေ နိုင်ငံဆင်းရဲလေဖြစ်သည်။ ထို့အတူ မိသားစုတစုမှာ အလုပ်လက်မဲ့များလေ အဲဒီမိသားစု စီးပွါး ရေး အဆင်မပြေလေပင်ဖြစ်သည်။ လူတိုင်းလူတိုင်းသည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမည်။ ကိုယ့်အ ခွင့်အရေးကို ကိုယ်တိုင်ရှာဖွေရမည်ဖြစ်သည်။ ပေါ်လာနိုးနိုးနဲ့ မျှော်ကိုးစောင့်ဆိုင်းနေရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပေ။
Deligence is a great teacher - လုံ့လ၀ီရိယရှိခြင်း၊ မပျင်းရိခြင်းသည် မြင့်မြတ်သော၊ ကြီးကျယ် သော၊ ခမ်းနားသော ဆရာကြီးတစ်ဆူပင်ဖြစ်သည်။ ကြိုးစားက ဘုရားပင်ဖြစ်နိုင်သည်-ဟု အဆိုရှိ သည်။ ထို့ကြောင့် မပျင်းမရိ ကြိုးစားခြင်းသည် ကြီးပွါးချမ်းသာလိုသော မိမိတို့၏ တာဝန်သာ ဖြစ်ပေ သည်။

(၂) တန်ဆာမဆင်ခြင်းသည် လှပမှုကို ဖျက်ဆီးသည်။
      ရုပ်ပိုင်းဆိုင်ရာ လှပမှုကို လိုချင်သောသူသည် မိမိတို့၏ရုပ်ခန္ဓာကိုယ်ကြီးကို နံ့သာပန်းမာလ်စသည်တို့ ဖြင့် အမျိုးမျိုးလိမ်းချယ်လျက် တန်ဆာဆင်ကြရမည်။ ထို့ပြင် လည်ဆွဲ၊ လက်ကောက်၊ နားဋောင်း၊ လက်စွပ် စသော ရတနာအမျိုးမျိုးတို့ဖြင့်လည်း တန်ဆာဆင်ကြရသည်။ ထို့အတူ နာမ်ပိုင်းဆိုင်ရာ လှပ မှုကို လိုချင်သောသူသည်လည်း မိမိတို့၏နာမ်ခန္ဓာကြီးကို တနည်းအားဖြင့် မိမိတို့၏စိတ်ကို တန်ဆာ ဆင်ကြရ မည်ဖြစ်သည်။ ယောနိသောမနသိကာရ- အရာရာကို အကောင်းဘက်က ရှုမြင်သုံးသပ်ခြင်းသည် ကုသိုလ် ဖြစ်ခြင်း၏ အကြောင်းရင်းဖြစ်သည်။ ထိုယောနိသောမနသိကာရထားရှိသော ပုဂ္ဂိုလ်၏ ဒါနကုသိုလ် သီလ ကုသိုလ် သမထ ၀ိပဿနာ ဘာဝနာကုသိုလ်စိတ်တို့ဖြင့် ထုံမွှမ်းလျက်နေခြင်းသည် စိတ်ကို တန်ဆာ ဆင်ခြင်းပင်ဖြစ်ပေသည်။ ဤကဲ့သို့ ရုပ်ကိုရော စိတ်ကိုပါ တန်ဆာဆင်မှုမရှိခြင်းသည် ကိုယ်တိုင်ပင် မိမိ၏ ရုပ်နှင့်စိတ် လှပမှုကို ဖျက်ဆီးသည်မည်ပေသည်။

(၃) မသင့်သော အစားအသောက် အပြုအမူသည် အနာရောဂါကင်းမှုကို ဖျက်ဆီးသည်။
            လူတစ်ယောက်၏ဘ၀မှာ ကျန်းမာရေး ကောင်းမွန်ခြင်းသည် ရခဲသောအမြတ်ဆုံး ဆုလာဒ် တစ်ခုပင်ဖြစ်ပေသည်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဗုဒ္ဓမြတ်စွာကတော့ အစားအသောက် ဆင်ခြင် ရမည်။ သင့်တင့်စွာ စားသောက်ရမည်။ သင့်လျော်တော်တည့်ရာကို စားသောက်ရမည်။ နောက်တစ်ခုက တော့ အပြုအမူပင်ဖြစ်သည်။ သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အပြုအမူ များသာ ပြုမူကျင့်ကြံနေ ထိုင်ရမည်ဟု ဆိုလိုပေသည်။ ကာယကံ ၀စီကံ မနောကံ-ဟူသော အပြုအမူ သုံးမျိုးလုံး၌ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်နေရမည်။ ကိုယ်ဖြင့်လည်း အကုသိုလ်တွေကို မလုပ်မိ အောင်၊ နှုတ်အားဖြင့်လည်း အကုသိုလ်ဖြစ်စရာတွေကို မပြောဆိုမိအောင်၊ စိတ်ဖြင့်လည်း အကုသိုလ် အာရုံတွေကို မကြံစည်မိအောင် စောင့်ထိန်းရမည်။ ကံသုံးပါးလုံး၌ ဒုစရိုက်ကင်းလျက် ကုသိုလ်ဖြစ် အောင်သာ ပြုမူပြောဆိုကျင့်ကြံ နေထိုင်ရမည်ဟု ဗုဒ္ဓက ဟောတော်မူခဲ့ပေသည်။ ဒုစရိုက်ဆယ်ပါး၊ သုစရိုက်ဆယ်ပါးတို့ကိုဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး သိရှိပြီးဖြစ်ပါလိမ့်မည်။ ဤကဲ့သို့ အစား အသောက်လဲ ဆင်ခြင်မယ်၊ ကံသုံးပါးလုံးမှာလဲ အကုသိုလ်မဖြစ်စေပဲ ကုသိုလ်တွေနဲ့ သန့်ရှင်းစင်ကြယ်အောင် နေမယ်ဆိုရင်ဖြင့် ထိုပုဂ္ဂိုလ်သည် ဧကန်မုချ သက်ရှည်ကျန်းမာလိမ့်မည်ဖြစ်သည်။ ဒါနဖက်တော့ အထက်ဝေသည်။ သီလဖက်တော့ အသက်ရှည်သည်။ ဘာဝနာဖက်တော့ အမြတ်ပြေသည်-ဆိုသော စကားကိုလည်း အားလုံး သိရှိပြီးဖြစ်ပေလိမ့်မည်။ 
(ဆက်လက်ဖော်ပြပါမည်)။
မိုးဆောင်းနွေ (သန်လျင်)

““ စိတ်နဲ့နမ်းမိတဲ့ လမင်း ””

on Friday, January 20, 2012

““ စိတ်နဲ့နမ်းမိတဲ့ လမင်း ””
(၁)
ကျွန်ုပ်တို့ အဆောင်ရှေ့တွင် အရပ်အမောင်း မြင့်မားခြင်းမရှိသည့် ၀ါးပင်လေးများရှိသည်။ သုံးရာသီ လုံးတွင် အရွက်ခပ်စိပ်စိပ် ရှိနေတတ်သည့် သရက်ပင်လေး တစ် ပင်လည်းရှိသည်။ တကယ်တော့ သရက်ပင်တွေ အများကြီးရှိခဲ့သည်။ သို့ဖြစ်သည့်တိုင် ဤသရက်ပင်ကလေးမှာ သူ့ကိုယ်လုံးကိုယ်ပေါက်နှင့် သူတည်နေဟန် စသည့် ပသာဒဖြစ်ဖွယ် မြင်ကွင်းကြောင့် တသီးတသန့် စိတ်မှအသိအမှတ်ပြုရခြင်းဖြစ်သည်။ သစ်ပင်များကို ချစ်တတ်ပြီး ဂရုတစိုက်ကြည့်မိသူတိုင်းသည် ဤသရက်ပင်လေးအား လှသည်ဟု ပြောကြမည်သာဖြစ်သည်။ ထိုသရက်ပင်ပျိုကလေးအောက်တွင် ကျွန်ုပ်တို့ဆရာက အုတ်ခုံလေးပြုလုပ်ပေးထား သည်။ သရက်ပင်လေး ၏ ရှေ့ဘက်မျက်နှာစာတွင် ရေကန်တစ်ကန်ရှိသည်။ နောက်ဘက်မျက်နှာစာမှာ ဒန်းလေးတစ်စီးရှိသည်။ ယာဘက်တွင်တော့ မိမိတို့ ပင်ကိုယ်သဘာဝအရ အရပ်မျက်နှာတစ်ခုခုမှ တစ်စုံတစ်ရာကို ဦးညွတ် နေဟန်ဖြင့် တည်နေသော ၀ါးပင်လေးများရှိသည်။ ပတ်ဝန်းကျင်ကောင်း ရေမြေကောင်းကို ကျွန်ုပ်တို့ သက်ရှိသတ်္တ၀ါများအတွက်သာ မဟုတ်ဘဲ သက်မဲ့များ အတွက်လည်း လိုအပ်ကြောင်းကို ပထမဆုံး အကြိမ်အဖြစ် တွေးမိ၏။ သရက်ပင်ကလေး၊ ပြီးတော့ သူ့ ပတ်ဝန်းကျင်။ သူ့အနားမှာ ရှိနေသည့် အုတ်ရေကန်လေးက သူ့ပင်မသွေးကြောများ ရှင်သန်ဖို့ရန် မိတ်ဆွေ ကောင်းပမာဖြစ်သည့် ပတ်ဝန်းကျင်ဖြစ်သည်။ ဒန်းလေးတစ်စီးကတော့ သူ့အနီးအနားတွင် အမြဲတစ်စေ သန့်ရှင်းလတ်ဆတ် နေစေဖို့ ဖြစ်ခဲ့သည်။ သို့ဆိုပါလျင် သူ့လောက်မလှပသည့် သူ့ဘေးနားက သစ်ပင်တွေကတော့ရော.။ သူ့အလှကို ပိုမိုတောက်ပစေမည့် ပတ်ဝန်းကျင်ပင် ဖြစ်လေလိမ့်မလား။ ကျွန်ုပ်သည် ဤသရက်ပင်ပျို လေးအောက်က ဒန်းပေါ်တွင် ထိုင်ရင်း အတွေးပေါင်းမြောက်များစွာကို တွေးတောခဲ့ဖူးသည်။ ကောင်းကင် ပေါင်းမျိုးစုံကိုကိုလည်း မြင်ခဲ့ရဖူးသည်။ တိမ်များဖြင့် ထူထပ်နေသော ကောင်းကင်, အပြာရောင်ကောင်းကင်, တိမ်များကင်းစင်နေသည့် ကြည်လင်တောက်ပသော ကောင်းကင်, မိုးအုံ့နေသည့်ကောင်းကင်, နေသာသည့် ကောင်းကင် စသည်ဖြင့် ကောင်းကင်၏ ကကြိုး ကကွက်များကို ကြည့်ခဲ့ဖူးသည်။ ဒန်းကလေးသည် ကျွန်ုပ်အတွက် စိတ်ရောကိုယ်ပါ ထိုင်ခဲ့သည့် နေရာလေးတစ်နေရာဖြစ်သည်။ ဤနေရာတွင် နှင်းစက်တို့ဖြင့် အေးမြနေသောညများ ဖြစ်ထွန်းခဲ့ဖူးသည်။ ခြင်တို့သည် ဆာလောင် မွတ်သိပ်စွာဖြင့် ပျံဝဲနေခဲ့ကြဖူးသည်။
ကောင်းကင်ကို ကြည်လင်ထွန်းလက်စေသည့် လပြည့်ညများ၊ မှောင်ရိပ်တို့ ကွန်းခိုနေသည့် လကွယ်ညများ, ကြယ်စင်များကို ဖွက်သိမ်းထားသည့် ညများ . . .စသည်ဖြင့် ညပေါင်းများစွာကို ဤဒန်းကလေးပေါ်မှ ကြည့်နေခဲ့ဖူးသည်။ တစ်ခါတစ်ရံတော့ မိမိဘ၀တွင် အရေးပါ နေရာယူခဲ့သည့် သူငယ်ချင်း တစ်ချို့တစ်လေ နှင့် အတူထိုင်ခဲ့ သည်။ လူ့ဘ၀၏ သောက ဒုက်္ခနှင့် အတွေးသက်သက်များကိုသာ အဖော်ပြုပြီး ထိုင်နေ ခဲ့သည့် နေ့စွဲများလည်း ရှိခဲ့သည်။ အချက်အလက်ကင်းမဲ့ကာ ဆုံးဖြတ်ချက်တစ်ခုခုအတွက် ဦးတည်မနေ သည့် တွေးတောမှုများဖြင့် ကုန်ဆုံးခဲ့သည့် အချိန်များလည်းရှိပါသည်။ မည်သို့ပင်ဖြစ်စေ ဤဒန်းကလေးနှင့် ဤသရက်ပင်ကလေးကို ကျေးဇူးတင်သည်။ အရောင်မျိုးစုံပြောင်း လဲတတ်သည့်ညများ ကကြိုးစုံသည့် ကောင်းကင်များကိုလည်း ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အတွက် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်မှုကို အကြိမ်ပေါင်းများစွာ ပေးနိုင်လေသောကြောင့်ဖြစ်သည်။


(၂)

တကယ်တော့ ဒန်းစီးရခြင်းသည် လူ့ဘ၀ကို ရောက်ရှိရခြင်းနှင့် ခပ်ဆင်ဆင် တူလှပါသည်။ ဒန်းပေါ်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် ဒန်းသည် အနည်းနှင့်အများတော့ လှုပ်ခတ်သွားရသည်သာဖြစ်သည်။ ဒန်းဆိုတာ လူတွေကို ယိမ်းထိုးလှုပ်ခတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေရသည့် တစ်စုံတစ်ရာဖြစ်သည်။ ဘ၀ဆိုတာ လောကဓံရှစ်ဖော်တို့ဖြင့် ယိမ်းထိုးလှုပ်ခတ်ရာ အရပ်ဒေသတစ်ခုလိုပင် ထင်မြင်မိရသေးသည်။
တစ်ခါတစ်ရံတွင် မိမိလိုအပ်သော အနေအထားကို ရရှိဖို့ ကိုယ်တိုင်လှုပ်ခတ်ပေးရသည်များလည်း ရှိသည်။ ဒန်းတစ်စီးတွင် ရှေ့သို့တိုးခြင်းသည် နောက်သို့ဆုတ်ရန်အတွက်ဖြစ်ပြီး နောက်သို့ဆုတ်ခြင်းသည် လည်း ရှေ့သို့ တက်ရန်ဖြစ်ခဲ့သည်။ လူ့ဘ၀တွင် ရှေ့သို့တက်သည်ဟု ထင်ရသော်လည်း နောက်သို့ဆုတ်ရန် အကြောင်းဖြစ်ချင် ဖြစ်နေတတ်သည်။ဤသို့ ရှေ့တိုးနောက်ဆုတ်ဖြင့် ယိမ်းယိုင်လှုပ်ခတ်နေရခြင်းသည်ပင် လူ့ဘ၀၏ အသက်ရှင်ရခြင်းပေ လောဟု တွေးမိရသေးသည်။ ပြောင်းလဲခြင်းပေါင်းမြောက်များစွာဖြင့် ကျွန်ုပ် တို့သည် မည်မျှ ယိမ်းထိုးခဲ့ကြ ပြီနည်း။ မည်မျှ လှုပ်ခတ်ခဲ့ကြပြီနည်း။ လောကဓံကြိုးများအောက်တွင် ကျွန်ုပ် တို့သည် မည်မျှ ရုပ်သေးကခဲ့ ကြရပါသနည်း။ သံသရာ၏ နက်မှောင်ပြိုးပြက်သော ဆံနွယ်များကို တပ်မက် စွာ နမ်းရှိုက်ခဲ့သည့် ဘ၀ပေါင်းများစွာကို ကျွန်ုပ်တို့ မမြင်နိုင်ခဲ့ကြပေ။ လောက၏ ဆေးဆိုးပန်းရိုက်မျက်နှာကို ကျွန်ုပ်တို့သည် မျက်မှန်စိမ်းတပ်ပြီး ကြည့်ခဲ့ကြသည်။
ယင်းသို့ဖြစ်သည့်တိုင် ကျွန်ုပ်ကတော့ဖြင့် လောက၏ အလှတရားကို ကြည့်မြင်ချင်သေးသူသာဖြစ်သည်။ သာယာဖွယ်ကို တွေ့ရှိသေးလိုသူသာဖြစ်သည်။ အဖြူအမည်း မသဲကွဲချင်သည့် စိတ်မျက်စိဖြင့် လောက၏ အလှကို ရှာဖွေမိနေလေ့ရှိသည်။
““ ရှာလျှင် တွေ့သည် ”” ဆိုသော အဆိုစကားသည်ချွင်းချက်မဲ့မှန်ကန်သည့် အဆိုစကား မဟုတ်ခဲ့သော်လည်း ကျွန်ုပ်နှင့် ဒန်းကလေးသည် အလှတစ်ချို့ကိုတော့ဖြင့် မြင်တွေ့ခဲ့ရသည်။

(၃)

လပြည့်ည . . .။
ထိုညသည် လပြည့်ညဖြစ်ခဲ့သည်။ လပြည့်ညဟူသော အသိကို စောစီးစွာ ရရှိခဲ့ဖို့ ကောင်းသော်လည်း ဂျူး၏
““ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ ””က လပြည့်ကို အသိအမှတ်ပြုဖို့ နောက်ကျနေစေခဲ့သည်။ အမေ့ထံမှ ““ သား ကောင်းကင်ထဲကိုကြည့်ပါ လ,ဟာပြည့်နေတယ်၊ အမေနဲ့သားနဲ့ လ,ကို အတူကြည့်မယ်၊ ပြီးတော့ သားနဲ့အမေ လ,ထဲမှာဆုံမယ်၊ လ,ထဲမှာ အမေ သားကိုတွေ့မယ်”” ဟူသော ကဗျာဆန်ဆန် မက်ဆေ့ခ်ျ ရောက်လာမှသာ ဒန်းပေါ်သို့သွားပြီး လပြည့်ညကို ကြည့်မိတော့သည်။
ဒန်းကလေးပေါ်မှ လပြည့်ညသည် တောက်ပမှုလိုအပ်နေသယောင် ခံစားနေမိသည်။ ဤလပြည့်သည် သရက်ရွက်များကြားမှ မြင်ရသော လ,မို့များလားဟု တွေးမိသေးသည်။ မဟုတ်နိုင်ပါ။ ၀ါဆိုလပြည့်နေည၏ လပြည့်သည် ဘာကြောင့်များ တန်ဆောင်မုန်းလပြည့်ညက လရောင်လောက် တောက်ပမှု မရှိရတာလဲ။ ဘာကြောင့် တိမ်တိုက်များကိုပါ လင်းမသွားစေနိုင်ရတာလဲ။ လပြည့်ညဟူသော အမည်နာမခြင်း တူညီပါ လျှက် နှင့် အဘယ့်ကြောင့် အလင်းခြင်း မတူညီရတာလဲ။ အလင်းများကို နှိုင်းယှဉ်မိခြင်းက ကျွန်ုပ်အား လှပသော ရသကို ခံစားဖို့ နောက်ကျနေစေခဲ့သည်။ လပြည့်ညများသည် မည်သည့်လပြည့်ညမှာဖြစ်စေ တစ်ပြေးညီတည်းလင်းရမည်ဟု သတ်မှတ်ထားမှု မရှိပါ။ အလင်းသည် လင်းချင်သလို လင်းမည်သာ ဖြစ် သည်။ အနည်းငယ် အားပျော့ကောင်း အားပျော့ နိုင်သည်။ တိုးထွက်စူးရှကောင်း စူးရှနေမည်ဖြစ်သည်။ ၀ါဆိုလပြည့်ညသည် တန်ဆောင်မုန်းလပြည့်ညလောက် မလင်းသောကြောင့် မချစ်ဘူးဆိုလျှင်လည် ၀ါဆိုလ ပြည့်ညသည် ကျွန်ုပ်အား ဂရုထားနေမည်မဟုတ်ဘဲ ကမ်္ဘာလောကကို လှည့်ပတ်သွားမည်သာဖြစ်သည်။ ဒီလိုတော့ဖြင့် မဖြစ်သေးပေ။
ဓမ်္မစကြာဟောတော်မူခဲ့သောနေ့က သာလင်းခဲ့သော အရှင်ကောဏ္ဍည၏ လမင်းသည် သာမညဖလ ဟော တော်မူသောနေ့က အဇာတသတ်မင်း၏ လမင်းလောက် မလှပါဘူးဟု တစ်စုံတစ်ယောက်က ငြင်းဆိုချင် သေးလျှင်လည်း ကျွန်ုပ်က မိဂဒါဝုန်တောမှာ သာသည့်လကိုသာ ရွေးချယ်မိမည်ဖြစ်သည်။ ဟုတ်သည်။ ကျွန်ုပ်က မည်သည့်လမင်းကိုမဆို ချစ်တတ်သူပေပဲ။ မည်သည့် ညခင်းကိုမဆို ချစ်တတ်သူပေပဲ။ တစ်ခြမ်းပဲ လမင်းမှာတောင်ပဲ သူ့အလှနှင့်သူတော့ ရှိနေခဲ့သည်ပဲလေ။

(၄)
““ စင်စစ်အားဖြင့် လမင်းသည် ကမ်္ဘာလောကကြီးကို ချစ်ခြင်မြတ်နိုးဘွယ်ရာအဖြစ် အမှတ်ရစေသူပင် ဖြစ်၏။ ဘ၀၏ အဆုတ်, အတက်, အတိုး, အလျော့, အနိမ့်, အမြင့်တို့ကို ပြသနေသူလည်းဖြစ်၏။ ထို့ပြင် အမှောင် နောက်တွင် လိုက်ပါလာသောအလင်း၊ သေခြင်းတရား၏ နောက်တွင်ကပ်ပါလာသော ပြန်လည် ရှင်သန်ခြင်း ၏ သံသရာလည်တတ်ခြင်းတို့ကိုလည်း သတိရစေသူဖြစ်သည်။”” ““ လမင်းသည် အစဉ်ပြောင်းလဲနေ၏။ သို့တိုင် တသမတ်တည်း ဖြတ်သန်းနေသူလည်းဖြစ်၏။ ထိုလမင်း၏ အပြောင်းအလဲ အဆင့်ဆင့်ကို ကျွန်ုပ် မပြတ်စောင့်ကြည့်နေမိ၏။ ချုပ်ညရီတွင် ရှည်လျှားသော အရိပ်များအောက်ရှိ စိတ်လှုပ်ရှားခံစားဖွယ်ရာည များ, ညလယ်တွင် လမင်း၏ နက်ရှိုင်းငြိမ်သက်စွာ ဖြန့်ကျက် နေခြင်းများ, လမင်း၏ အသက်ရှုရင်ခုန်သံများ, မလွဲမသွေ ရောက်ရှိလာတော့မည့် နေ့သစ်ကို သယ်ဆောင် လာသည့် တီးတိုးစကားများ အားလုံးကိုပင် စောင့်ကြည့်မိသည်။”” ““ နေ့များ လများကို ရေတွက်ရာ၌ လမင်းသည် မည်မျှအထောက်အကူပြုခဲ့ပါသနည်း။ လမင်းကို မြင်တွေ့နေရသော အချိန်များ၌ လစဉ်အချိန်ပိုင်းများရှိ နေ့ရက်များ၏ အတိုင်းအဆကို မည်မျှတိကျ မျှတစွာ တိုင်းတာပေးနိုင်ခဲ့ပြီနည်း။ လမင်းသည် လူတို့အတွက် အလွယ်ကူ အရှင်းလင်းဆုံးသော ပြက်္ခဒိန်တစ် ချပ်ပင် ဖြစ်လေသည်””  ဟု ဆိုသော ဂျဝါဟလာနေရူး၏ စကားများကို သတိရမိတော့ ကျွန်ုပ် လမင်းများ အားလုံးကို ပြည့်ဝစွာ လက်ခံပြီး ချစ်တတ်သွားပါသည်။ ငြိမ်ဆိတ်စွာ စဉ်းစားတွေးတောမိနေသော ကျွန်ုပ်ထံ သို့ သွေးဆာနေသည့် ခြင်အုပ်စုက ၀င်ရောက်ဖွဲ့ အုံလာတော့မှ ဒန်းကလေးကို လွှဲဘို့ သတိရမိသည်။ ဒန်းကလေးကို လွှဲစီးလိုက်တော့ သွေးစုပ်ဖို့ စုဝေး ရောက်ရှိလာသည့် ခြင်များမှာ ဒန်းကလေးဆီမှ တိုးထွက် လာသော လေအဟုန်ကို ကြောက်ရွံ့ထိတ်လန့်ဟန်ဖြင့် ပြန်လည်ထွက်ခွါ သွားကြတော့သည်။ ဒန်းကလေးသည် ကျွန်ုပ်အတွက် အနံ့အသက်မထွက်ဘဲ ခြင်များကို ကာကွယ်ပေးနိုင်သည့် ယပ်တောင် တစ်ချောင်းလည်း ဖြစ်ပြန်ပါသေးသည်။ ကောင်းကင်ကို ပြည်လည်မော့ကြည့်သောအခါ လမင်းသည် တိမ်တိုက်တစ်ခုကို ကျော်ဖြတ်ဖို့ အားယူ နေတာကို မြင်တွေ့ရသည်။ ငြိမ်သက်စွာ လှည့်ပတ်နေသည့် လမင်းသည် မည်မျှ လှပလိုက်ပါသနည်း။ မည်ကဲ့သို့သော မငြိမ်သက်သည့် တိမ်တိုက်ကမျှ ဤလမင်းကို ဆွဲငဲယူဆောင်ထားနိုင်မည်မဟုတ်။ ကမ်္ဘာကို ပတ်နေသည့် သူ့ခြေလှမ်းများကို မည်သည့်တန်ခိုးရှင်ကမျှ တားဆီးနိုင်မည်မဟုတ်ချေ။
ဤသို့ဖြင့် ဒန်းကလေးနှင့် ကျွန်ုပ်သည် လောကထဲက လမင်း သဘာဝထဲက လမင်းကို မြင်တွေ့ခဲ့ရသည်။ လောကထဲက အလင်း သဘာဝထဲက အလင်းသည် ဖျော့တော့သည်ဟု ထင်မှတ်မိနိုင်သည့်တိုင် ချစ်နိုင် သည့် စိတ်ထားရှိခဲ့လျှင် ပါးလျသော လမင်းဖြင့်ပင် လင်းနိုင်ပါသည်။ ဆေးစက်တွေ ကွာကျကာ ရာသီဥတု ဒဏ်ကို မလွှဲသာ မရှောင်သာ ခံယူနေရသော်လည်း ကျွန်ုပ်၏ ဒန်းကလေးကတော့ဖြင့် သရက်ပင်ပုလေး အောက်တွင် ခိုင်မာတည့်မတ်စွာ ရပ်တည်နေနိုင်ဆဲပင်ဖြစ်သည်။ ၀ါးပင်များက လေယူရာယိမ်းပြီး သူ့ထံသို့ ဦးညွတ်သည့် အမူအရာကို ပြသောအခါ ဒန်းကလေးက ပျော်ရွှင်စွာ ရယ်မောကာ လရောင်၏အနမ်းကိုခံယူပါလိမ့်မည်။

သားအေးည



စောင့်သူများရဲ့ ဝေဒနာ

on Thursday, January 19, 2012

စောင့်သူများရဲ့ ဝေဒနာ


အပြာရောင်ရထား
သင်ဟာ
ဝါညစ်ညစ်နံရံများက
အချိန်ဇယားကို တော်လှန်
ဖောက်ပြန်တတ်တယ်။
          သည်ကဗျာကို အမေ ဘယ်အချိန်တုန်းက ရေးခဲ့မှန်း တိတိကျကျမသိပါ။ အယ်ဒီတာနှင့်တကွ ထုတ်ဝေ သူကိုပါ ထိခိုက်နိုင်သည်ဟူသော အကြောင်းပြ ချက် ဖြင့် သည်ကဗျာပယ်ခံရဖူးတာကိုတော့ အမေပြောပြလို့ သိခဲ့ရဖူးသည်။ ဖြစ်နိုင်တာကတော့ အမေ တက်္ကသိုလ်ကျောင်းသူဘ၀က ရထားနှင့်ကျောင်းတက်စဉ် ရထား အလာကို စောင့်ရသော ဝေဒနာတစ်ရပ်ကို ဖွဲ့ဆိုထားတာ ဖြစ်လိမ့်မည်။
နောက်ပိုင်း ကျွန်တော်စာပေလောကထဲ ရောက်သောအခါ အမေငယ်စဉ်က ရေးထားခဲ့ပြီး မဂ်္ဂဇင်းမှာ အသုံး မပြုရသေးသည့် ကဗျာအချို့ကို အသုံးတည့်လျှင်သုံးရန် ပြန်ပို့ပေးခဲ့မိသည်။ ၂၀၁၁ ခုနှစ် မတ်လမှာတော့ သည်ကဗျာလေးက ပိတောက်ပွင့်သစ် မဂ်္ဂဇင်းမှာ ပါလာခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ရေးခဲ့သော အမေ့ ကဗျာများက လူငယ်တွေနှင့် ရင်ဘောင်တန်းနိုင်သေးတာကို တွေးမိပြီး ၀မ်းသာကြည်နူးမိသည်။ အမေ့အနုပညာကို အထင်ကြီးခဲ့ရသည်။
ယခုနောက်ပိုင်း စာတွေကဗျာတွေ ရေးဖြစ်ရန် အကြောင်းတိုက်ဆိုင်တိုင်း တိုက်တွန်းခဲ့သော်လည်း အမေက တော့ တုဏှီဘာဝေ တိတ်တိတ်ဆိတ်ဆိတ်။ နွေခေါင်ခေါင်မှာ မိုးကို မျှော်ရသလိုပင်။ အမေ့ဆီက စာကဗျာ များကို ကျွန်တော် စောင့်မျှော်မိသည်။ သို့သော် အမေသည် အချိန်မမှန်သော အပြာရောင် ရထား တစ်စင်း လောက်ပင် ဖြစ်မလာပါ။ အမေ့အိပ်ခန်း နံရံဝါ၀ါပေါ်တွင် စာရေးဖို့ရေးဆွဲထားသည့် အချိန်ဇယားလည်းမရှိ။ သည်တော့ အချိန်ဇယားကို တော်လှန်နေ ကြောင်း၊ ကိုယ့်အနုပညာအပေါ်တွင် ဖောက်လွှဲဖောက်ပြန် လုပ်နေ ကြောင်း စွပ်စွဲလို့မရခဲ့။ ရေငုံနှုတ်ပိတ်သာ နေရသည်။
အမေက သူ့မှာ ခံစားချက်တစ်ခုရှိလာလျှင် ကျွန်တော့်ထံ စာရေးသည်။ ယင်းပေးစာများက တစ်ခါတစ်ရံ ၀တ်္ထု တို ဆန်ပြီး တစ်ခါတစ်ရံ ကဗျာဆန်နေတတ်သည်။
ကျွန်တော်ထံ ရေးခဲ့သော စာများကို အနည်းငယ်ပြုပြင်ပြီး အမေ့နာမည်တပ်ပေးပြန်တော့လည်း မကြိုက်ပြန်။ ခက်ကချေပြီဟု ငြီးရမည့်ပုံပင်။ သည်တော့ အမေ့အား စာပေဘေးမဲ့၊ စာရေးကင်းလွတ်ခွင့်သာ ကျေကျေ နပ်နပ် ပေးလိုက်ရ တော့သည်။ စိတ်ထဲမှာ အခဲတော့ မကြေလှ။ မကျေနပ်ပေမယ့် ဘာမျှမတတ်နိုင်။ အမေ ကိုယ် တိုင်က အနုပညာကို ခပ်လှမ်းလှမ်းမှသာ ချစ်လိုပုံရပါသည်။

8 8 8

ဘူတာရုံငြိမ်ဆိတ်
လူမှုအနိဋ္ဌာရုံ
မှုန်တွေငြီးညူ
စောင့်သူများရဲ့ဝေဒနာ
သင်စာနာဘို့ကောင်းတယ်။

ကဗျာထဲမှ ယင်းအပိုဒ်ကို အထပ်ထပ်အခါ အနုလုံ ပဋိလုံ ကျွန်တော်ရေရွတ်နေမိသည်။ ဘယ်တုန်းကမှ အမေ့ကဗျာ တွေကို အခါခါ ရေရွတ်တာမျိုးမရှိခဲ့ဖူးပါ။ သည်နေ့ ကျွန်တော် မန်္တလေးဘူတာကြီးထဲ ရောက်ရှိ နေခြင်းဖြစ်သည်။ ဘူတာထဲတွင် ရထားအလာကို စောင့်မျှော်နေရပြီ။
မန်္တလေးရာသီ ဥတု၏ ပူအိုက်လွန်းလှခြင်းနှင့် မနက်သုံးနာရီခန့်တွင် အိပ်ရာမှ ထ,ခဲ့ရခြင်းကြောင့် မနေ့ညက ကျွန်တော် အိပ်ရေးမ၀ခဲ့။ ကျွန်တော် တည်းခိုရာအဆောင်မှ ဆိုင်ကယ်ဖြင့် ထွက်လာရာ လေးနာရီကျော် လောက်တွင် ဘူတာ ကြီးသို့ရောက်သည်။ ရထားမမှီမှာ စိုးရိမ်သောကြောင့် လက်ဖက်ရည် သောက်ချင်တာ ကိုပင် အောင့်အီးသည်းခံကာ ရထား အလာကို စောင့်မျှော်နေမိသည်။ ကျွန်တော် လက်မှတ်ဖြစ်ထားတာက ငါးနာရီရထားဖြစ်သောကြောင့် အချိန် သိပ်မလိုတော့။ မိနစ်လေးဆယ်ခန့်သာ စောင့်ရတော့မည်။ အိပ်ရေး မ၀ခဲ့သောကြောင့် နာရီဝက်ကျော် စောင့်ရမည်ကိုပင် ကျွန်တော့်စိတ်က သိပ် ကြည်လင်လှ သည်မဟုတ်။
သြော် . .ငါတစ်ယောက်တည်း စောင့်ရတာမဟုတ်၊ အခြားသူများလည်း စောင့်နေကြတာပဲ ဟုတွေးကာ စိတ်ရှည်အောင် ဆွဲဆန့်ထားမိသည်။
ဘူတာချိန်ဆွဲထားသည့် အ၀ါရောင်မီးလုံးများ၊ စင်္ကြံပလက်ဖောင်းပေါ်တွင် အိပ်ပျော်နေကြသူများ၊ ဥဒဟို လှုပ်ရှား သွားလာနေသည့် တွန်းလှည်းများ၊ ဟိုငေး သည်ငေးနှင့် ရထားစောင့်နေကြသူများကို ငေးမောရင်း ၅-နာရီထိုးသွားသည်။ ကျွန်တော် စီးရမည့် ရထားက အရိပ်အယောင်မျှပင် ပေါ်မလာပါ။ စောင့်ရသည့် ဒုက်္ခကြောင့် ဖြစ်ပေါ်လာသည့် ဒေါသကို အောင့်အီးသည်းခံနေခိုက်မှာပင် ၅-နာရီခွဲ ရထားထွက်သွားသည်။ ကျွန်တော် စောင့်နေရသည့် အမှတ် (၂) စင်္ကြံ ရထား လမ်းကတော့ ဟာလာဟင်းလင်း။ အခါတိုင်း သွားနေ ကြလို လိုင်းကားစီးသွားရင် အကောင်းသား၊ အခုတော့ အိပ်ရေးကလည်း ပျက်၊ ရထားကလည်း မလာ၊ ကျွန်တော် စိတ်ဓာတ်ကျနေပြီ။
““ မှုန်တွေငြီးညူ၊ စောင့်သူများရဲ့ ဝေဒနာ၊ သင်စာနာဘို့ကောင်းတယ် ””
သည်ကဗျာတစ်ပိုဒ်က အိပ်ရေးပျက်သောကြောင့်မှုန်တွေနေသော၊ ထိုင်ရတာ ကြာလာသောကြောင့် ငြီးညူနေသော၊ ရထားအလာကို စောင့်နေသော ကျွန်တော့်ရင်ဘတ်တည့်တည့်ကို ၀င်တိုးသည်။
စောင့်သူများရဲ့ ဝေဒနာ . . .၊
စောင့်သူများရဲ့ ဝေဒနာ . . .၊
ကျွန်တော် လက်သီးကို တင်းတင်း ဆုပ်မထားတော့ပါ။
ဖိနပ်ကို ချွတ်ကာ ဖင်ခုထိုင်ပြီး သည်ကဗျာတစ်ပိုဒ်ကို အထပ်ထပ်ရေရွတ်ရင်း . . .။
8 8 8

သင့်ရဲ့ လူရောင်စုံခြင်းတွဲ
မြို့ပြထဲကိုဖြတ်
လယ်ကွင်းစပ်များကိုကျော်
ကြွေးကျော်သံနဲ့အတူ
တက်ကြွဆူညံပစေပေါ့ . .။

တကယ်တော့ ကျွန်တော်တို့အားလုံးသည် တစ်ခုခုကို စောင့်မျှော်နေကြသူများသာဖြစ်သည်။ မွေးလာကတည်းက စောင့်ခဲ့ကြသည်။ မွေးကင်းစ ကလေး တစ်ယောက် လမ်းလျှောက်နိုင်ဖို့ အချိန်ကို စောင့်ရသည်။ ထမင်းစာနိုင်ဖို့၊ လမ်းလျှောက် နိုင်ဖို့ စောင့်ခဲ့ရသည်။
ထမင်းစားနိုင် လမ်းလျှောက်နိုင်ပြီဆိုလျှင် ကျောင်းတက်နိုင်ဖို့ စောင့်ရသည်။ ထို့နောက် တစ်နှစ်ပြီးတစ်နှစ် တစ်တန်း ပြီးတစ်တန်းအောင်ဖို့ စောင့်ခဲ့ရသည်။
ပေးဖို့စောင့်နေရတာရှိသလို ယူဖို့ စောင့်နေရတာလည်းရှိသည်။
ဗုဒ်္ဓမြတ်စွာသည် သဗ်္ဗညုတဥာဏ်ကိုရဖို့ လူအများအား တရားရေအေးတိုက်ကြွေးဖို့ လေးသင်္ချေနှင့် ကမ်္ဘာ တစ်သိန်း ကာလရှည်ကြာစွာ စောင့်ခဲ့ရသည်။
ယသောဓရာဒေ၀ီသည် သိဒ်္ဓတ်္ထမင်းသား ပြန်အလာကို ခြောက်နှစ်တိတိ စောင့်ခဲ့သည်။ ယသောဓရာဒေ၀ီက သိဒ်္ဓတ်္ထ မင်းသားကို စောင့်နေချိန်မှာတော့ သိဒ်္ဓတ်္ထမင်းသားက သဗ်္ဗညုတဥာဏ်တော်ကိုရဖို့ ရှာဖွေစောင့်ဆိုင်း နေရသည်။
လူ့ဘ၀ဟူသည်မှာ အဆုံးအစရှည်လျားလှသည့် စောင့်ဆိုင်းမှုပင်။ မိန်းကလေးငယ်တစ်ယောက်သည် သူချစ်ခင် နှစ်သက်သူထံမှ ချစ်ခွင့်ပန်မှုကို၊ ယောက်ျားငယ် တစ်ယောက်သည် မိန်ကလေးထံမှ အဖြေစကား ကိုရဖို့ စောင့်ရသည်။ တစ်ခါတစ်ရံ သေဖို့ကိုပင် စောင့်နေရသူများရှိတတ်သည်။
အရွယ်ရောက်လာသူတစ်ယောက် လူတစ်လုံး သူတစ်လုံးဖြစ်ဖို့၊ ကိုယ့်အိမ် ကိုယ့်ယာလေးနဲ့ဖြစ်ဖို့၊ ကိုယ့်သား မယားနှင့် ကိုယ် ဖြစ်ဖို့စောင့်ရသည်။
မိမိက စောင့်ရသူဖြစ်သလို မိမိကို စောင့်နေသူများလည်းရှိသည်။ ကျွန်တော်တို့ ပြုလုပ်အားထုတ်ခဲ့သော ကုသိုလ် ကောင်းမှုများက ကောင်းကျိုးသုခကိုပေးရန် စောင့်နေကြသည်။ မကောင်းမှု အကုသိုလ်များက ဆိုးကျိုးဒုက်္ခပေးရန် စောင့်နေကြ သည်။
သေခြင်းတရားက သတ်္တ၀ါအားလုံးကို စောင့်နေတာကတော့ အသေအချာ။
8 8 8
သင့်ရဲ့ဝမ်းထဲ
လူတန်းစားပေါင်းစုံ
အရုဏ်ကို ချီတက်
မျှော်လင့်ချက်တွေနဲ့။

ပြောနေကြအတိုင်း ကျွန်တော်တို့သည် ပုထုဇဉ်များဖြစ်ကြသည်။ အယူအဆ, အမြင် အတွေး, မှတ်သားမှု, စွဲလမ်းမှု အမှားများဖြင့် မဖြစ်နိုင်တာကို စောင့်နေတာ မျိုးပင် ရှိတတ်သည်။
တစ်ခါက မိခင်အိုကြီးတစ်ယောက်၏ အဖြစ်ကတော့ သနားစရာ။ သူ့မှာ သားလေးတစ်ယောက်ရှိသည်။ သူ့သားလေး က အလုပ်ကိစ်္စတစ်ခုနှင့် ခရီးထွက်သွားရာ လမ်းတွင် ငှက်ဖျားမိပြီး သေဆုံးသွားသည်။ သူ့သား သေဆုံးသွားကြောင်း အခြားလူတွေ ပြောပြတော့လည်း လက်မခံ။ မယုံကြည်။ တစ်နေ့မှာ သူ့သားလေး ပြန်လာ မည်ဟုပဲ ယုံကြည်ထင်မှတ်နေသည်။ နေ့စဉ်နေ့တိုင်း ထမင်းဝိုင်းပြင်ပြီး သူ့သားလေးပြန်အလာကို စောင့်နေသည်။ သူ့သား လုံးဝပြန်မလာနိုင်တော့တာကို လက်မခံ ဘဲ သူကိုယ်တိုင်သေဆုံးသွားသည်ထိ နေ့စဉ်ထမင်းဝိုင်းပြင်ပြီး သူ့သားလေးကို စောင့်ခဲ့သည်တဲ့။ ၀မ်းနည်းစရာပင်။ အစားထိုး မရသည့် မိဘမေတ်္တာ ကိုလည်း နားလည် သဘောပေါက်စရာပင်။
စောင့်သူများအကြောင်း ပြောရလျှင် ဆုံးနှိုင်စရာပင်မရှိ။ ကျွန်တော်တို့သည် စောင့်သူများလား၊ အစောင့်ခံနေ ရသူ များလား တွေးဆစရာ။
မျိုးဆက်သစ်များက လွတ်လပ်ငြိမ်းချမ်းသော အမှန်တရားကို စောင့်မျှော်နေကြသည်။ အထက်မှာ ပြောခဲ့ သည့် အမယ်အိုအဖြစ်လို ကြုံတွေ့မှာကိုတော့ မည်သူမျှ လိုလားမည်မထင်။

အရာရာ၌ တစ်စုံတစ်ခုသော မျှော်လင့်ချက်ဖြင့် အလုပ်လုပ်သူတိုင်း မျှော်လင့်ချက်ပေးနိုင်သူတို့၏ လှည့်ဖြား လိမ်လည်ခြင်း ခံရသည်မှာ ဓမ်္မတာပင်တည်း၊ လိမ်သူ ၏ အပြစ်မဟုတ် ဟု ဓမ်္မာစရိယ ဦးဌေးလှိုင်က ရဟန်္တာနှင့် ပုဂ်္ဂိုလ်ထူး များ စာအုပ်တွင် ရေးခဲ့ဖူးသည်။ သိပ်တော့ ခံတွင်း မတွေ့လှ။ အလုပ်လုပ်ပြီဆိုမှတော့ မျှော် လင့်ချက်ရှိရမည်ပင်။ မျှော်လင့်ချက် ပေးနိုင်သူတို့၏ လိမ်လည်ခြင်းကို မည်သူမျှခံချင်ကြမည်မဟုတ်။
ကျွန်တော်တို့ မျှော်လင့်စောင့်စားခဲ့ရသော အရာတစ်ခုအတွက် လိမ်လည်လှည့်ဖြားခံရလျှင် ပူလောင်ရမည် မှာ သေချာသည်။ ကျွန်တော်တို့ ပြောနေကြအတိုင်း လူဆိုတာ မျှော်လင့်ချက်ရှိကြသည် မဟုတ်လား။ လိုလားသောအရာများကို မျှော်လင့်ချက်နှင့် စောင့်နေသူများ မဟုတ်လား။

8 8 8
ဒီမှာ
အချိန်မမှန်ရှာတဲ့
နာရီအို တစ်လုံးကို စွန့်ပစ်
သင့်ကို ချစ်တဲ့သူတွေခေါ်
စံတော်ချိန် အသစ်နဲ့အပြိုင်
ကမ်္ဘာကြီးကို ရင်ဆိုင်ရအောင် . . .။

ဘူတာစင်္ကြံ မလက်ဖောင်းပေါ်တွင် ဖိနပ်ကို ဖင်ခုထိုင်ကာ ကဗျာကို ရွတ်လိုက်၊ စဉ်းစားလိုက်ဖြင့် ၆-နာရီ ထိုးသွားသည်။ ၆-နာရီ ရထားပင် ထွက်ခွါသွားပြီ။ ၅-နာရီ ရထားကတော့ဖြင့် ရောက်မလာပါ။ စိတ်ထဲမှ သည်းမခံနိုင်မှုသည် အပြင်သို့ လျှံကျလာလေပြီ။
လာဗျာ . .မသီတာ . .စောင့်မနေနဲ့၊ ပြန်ကြရအောင်၊ လာမှာလည်း မဟုတ်တော့ဘူး၊
ကျွန်တော့်အား ဘူတာကြီးသို့ လိုက်ပို့ပေးသည့် မသီတာအား စိတ်မရှည်စွာ ပြောမိသည်။ သူကတော့ မိန်းက လေး ဆိုတော့ စိတ်ရှည်သည်။ သူများတွေလည်း စောင့်နေကြတာပဲ၊ နာရီဝက်လောက်တော့ စောင့်ပါဦး၊ နာရီဝက်နေလို့မှ မလာရင် ပြန်မယ် ဟု ထပ်ပြီး အချိန်ဆွဲနေပြန်သည်။ နာရီဝက်ကြီးများတောင် . .ဘုရားရေ . .ဟု မဲ့ရွဲ့သော မျက်နှာထားဖြင့် ပြောတော့ မသီတာက ကျွန်တော့်ဒေါသကို ရှောင်သည့်အနေဖြင့် စကြံခုံပေါ် သွားထိုင်နေသည်။
တကယ်တော့ နာရီဝက်သာမက တစ်နာရီတိတိ ထပ်စောင့်ခဲ့ပါသည်။ ၇-နာရီ ထိုးသည့်တိုင် ရထားက တော့ဖြင့် ရောက်မလာပါ။ ကျွန်တော်လည်း အမယ်အိုလို မလာနိုင်တော့တာကို စောင့်ခဲ့မိပြီဖြစ်သည်။ ၇-နာရီထိုးတော့ ခရီးဆောင်အိတ် ကိုဆွဲကာ ဘူတာကြီးထဲမှ ထွက်လာခဲ့သည်။
ကိုယ့်အဖြစ်ကိုယ် ရယ်ချင်သော်လည်း မရယ်နိုင်တော့။ အိပ်ရေးပျက်မှုနှင့် စိတ်ပင်ပန်းမှုဒဏ်ကြောင့် မကြည် မသာ ဖြစ်သွားပြီ။ အတွဲ ၁၂၊ ခုံနံပါတ် ၈ ဟူသော ရိုးရိုးတန်းလက်မှတ်ပြားလေးကို လက်မနှင့်ညှပ်ကာ အဝေး တစ်နေရာသို့ တောက်ထုတ်ပစ်လိုက်သည်။

ပြန်မလာသေးပါလား
ညဥ့်နက်လှပြီ
အိပ်လို့လည်းမရပါဘူး
ဒီလိုနဲ့ တစ်မိုးသောက်တော့မယ်

ကဗျာဆရာ သော်ဇင်အုန်း၏
လူငယ်တစ်ယောက်ရဲ့ မိခင် ကဗျာက ရင်ဘတ်ထဲမှ ထ,မြည်လာသည်။
ဟဲလို . . ကိုသော်ဇင်အုန်း . . ကျွန်တော့်အမေကလည်း မိုးသောက်တဲ့အထိ ကျွန်တော့်ကို စောင့်နေရော့မယ်၊ အမေ အိပ်ပျော်အောင်တော့ ဖုန်းဆက်မှ ဖြစ်တော့မယ် ”” ။ ။

သားအေးည