စောင့်သူများရဲ့ ဝေဒနာ
အပြာရောင်ရထား
သင်ဟာ
ဝါညစ်ညစ်နံရံများက
အချိန်ဇယားကို တော်လှန်
ဖောက်ပြန်တတ်တယ်။
သည်ကဗျာကို အမေ ဘယ်အချိန်တုန်းက ရေးခဲ့မှန်း တိတိကျကျမသိပါ။ အယ်ဒီတာနှင့်တကွ ထုတ်ဝေ သူကိုပါ ထိခိုက်နိုင်သည်ဟူသော အကြောင်းပြ ချက် ဖြင့် သည်ကဗျာပယ်ခံရဖူးတာကိုတော့ အမေပြောပြလို့ သိခဲ့ရဖူးသည်။ ဖြစ်နိုင်တာကတော့ အမေ တက်္ကသိုလ်ကျောင်းသူဘ၀က ရထားနှင့်ကျောင်းတက်စဉ် ရထား အလာကို စောင့်ရသော ဝေဒနာတစ်ရပ်ကို ဖွဲ့ဆိုထားတာ ဖြစ်လိမ့်မည်။
နောက်ပိုင်း ကျွန်တော်စာပေလောကထဲ ရောက်သောအခါ အမေငယ်စဉ်က ရေးထားခဲ့ပြီး မဂ်္ဂဇင်းမှာ အသုံး မပြုရသေးသည့် ကဗျာအချို့ကို အသုံးတည့်လျှင်သုံးရန် ပြန်ပို့ပေးခဲ့မိသည်။ ၂၀၁၁ ခုနှစ် မတ်လမှာတော့ သည်ကဗျာလေးက ပိတောက်ပွင့်သစ် မဂ်္ဂဇင်းမှာ ပါလာခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ရေးခဲ့သော အမေ့ ကဗျာများက လူငယ်တွေနှင့် ရင်ဘောင်တန်းနိုင်သေးတာကို တွေးမိပြီး ၀မ်းသာကြည်နူးမိသည်။ အမေ့အနုပညာကို အထင်ကြီးခဲ့ရသည်။
ယခုနောက်ပိုင်း စာတွေကဗျာတွေ ရေးဖြစ်ရန် အကြောင်းတိုက်ဆိုင်တိုင်း တိုက်တွန်းခဲ့သော်လည်း အမေက တော့ တုဏှီဘာဝေ တိတ်တိတ်ဆိတ်ဆိတ်။ နွေခေါင်ခေါင်မှာ မိုးကို မျှော်ရသလိုပင်။ အမေ့ဆီက စာကဗျာ များကို ကျွန်တော် စောင့်မျှော်မိသည်။ သို့သော် အမေသည် အချိန်မမှန်သော အပြာရောင် ရထား တစ်စင်း လောက်ပင် ဖြစ်မလာပါ။ အမေ့အိပ်ခန်း နံရံဝါ၀ါပေါ်တွင် စာရေးဖို့ရေးဆွဲထားသည့် အချိန်ဇယားလည်းမရှိ။ သည်တော့ အချိန်ဇယားကို တော်လှန်နေ ကြောင်း၊ ကိုယ့်အနုပညာအပေါ်တွင် ဖောက်လွှဲဖောက်ပြန် လုပ်နေ ကြောင်း စွပ်စွဲလို့မရခဲ့။ ရေငုံနှုတ်ပိတ်သာ နေရသည်။
အမေက သူ့မှာ ခံစားချက်တစ်ခုရှိလာလျှင် ကျွန်တော့်ထံ စာရေးသည်။ ယင်းပေးစာများက တစ်ခါတစ်ရံ ၀တ်္ထု တို ဆန်ပြီး တစ်ခါတစ်ရံ ကဗျာဆန်နေတတ်သည်။
ကျွန်တော်ထံ ရေးခဲ့သော စာများကို အနည်းငယ်ပြုပြင်ပြီး အမေ့နာမည်တပ်ပေးပြန်တော့လည်း မကြိုက်ပြန်။ ခက်ကချေပြီဟု ငြီးရမည့်ပုံပင်။ သည်တော့ အမေ့အား စာပေဘေးမဲ့၊ စာရေးကင်းလွတ်ခွင့်သာ ကျေကျေ နပ်နပ် ပေးလိုက်ရ တော့သည်။ စိတ်ထဲမှာ အခဲတော့ မကြေလှ။ မကျေနပ်ပေမယ့် ဘာမျှမတတ်နိုင်။ အမေ ကိုယ် တိုင်က အနုပညာကို ခပ်လှမ်းလှမ်းမှသာ ချစ်လိုပုံရပါသည်။
8 8 8
ဘူတာရုံငြိမ်ဆိတ်
လူမှုအနိဋ္ဌာရုံ
မှုန်တွေငြီးညူ
စောင့်သူများရဲ့ဝေဒနာ
သင်စာနာဘို့ကောင်းတယ်။
ကဗျာထဲမှ ယင်းအပိုဒ်ကို အထပ်ထပ်အခါ အနုလုံ ပဋိလုံ ကျွန်တော်ရေရွတ်နေမိသည်။ ဘယ်တုန်းကမှ အမေ့ကဗျာ တွေကို အခါခါ ရေရွတ်တာမျိုးမရှိခဲ့ဖူးပါ။ သည်နေ့ ကျွန်တော် မန်္တလေးဘူတာကြီးထဲ ရောက်ရှိ နေခြင်းဖြစ်သည်။ ဘူတာထဲတွင် ရထားအလာကို စောင့်မျှော်နေရပြီ။
မန်္တလေးရာသီ ဥတု၏ ပူအိုက်လွန်းလှခြင်းနှင့် မနက်သုံးနာရီခန့်တွင် အိပ်ရာမှ ထ,ခဲ့ရခြင်းကြောင့် မနေ့ညက ကျွန်တော် အိပ်ရေးမ၀ခဲ့။ ကျွန်တော် တည်းခိုရာအဆောင်မှ ဆိုင်ကယ်ဖြင့် ထွက်လာရာ လေးနာရီကျော် လောက်တွင် ဘူတာ ကြီးသို့ရောက်သည်။ ရထားမမှီမှာ စိုးရိမ်သောကြောင့် လက်ဖက်ရည် သောက်ချင်တာ ကိုပင် အောင့်အီးသည်းခံကာ ရထား အလာကို စောင့်မျှော်နေမိသည်။ ကျွန်တော် လက်မှတ်ဖြစ်ထားတာက ငါးနာရီရထားဖြစ်သောကြောင့် အချိန် သိပ်မလိုတော့။ မိနစ်လေးဆယ်ခန့်သာ စောင့်ရတော့မည်။ အိပ်ရေး မ၀ခဲ့သောကြောင့် နာရီဝက်ကျော် စောင့်ရမည်ကိုပင် ကျွန်တော့်စိတ်က သိပ် ကြည်လင်လှ သည်မဟုတ်။ “ သြော် . .ငါတစ်ယောက်တည်း စောင့်ရတာမဟုတ်၊ အခြားသူများလည်း စောင့်နေကြတာပဲ” ဟုတွေးကာ စိတ်ရှည်အောင် ဆွဲဆန့်ထားမိသည်။
ဘူတာချိန်ဆွဲထားသည့် အ၀ါရောင်မီးလုံးများ၊ စင်္ကြံပလက်ဖောင်းပေါ်တွင် အိပ်ပျော်နေကြသူများ၊ ဥဒဟို လှုပ်ရှား သွားလာနေသည့် တွန်းလှည်းများ၊ ဟိုငေး သည်ငေးနှင့် ရထားစောင့်နေကြသူများကို ငေးမောရင်း ၅-နာရီထိုးသွားသည်။ ကျွန်တော် စီးရမည့် ရထားက အရိပ်အယောင်မျှပင် ပေါ်မလာပါ။ စောင့်ရသည့် ဒုက်္ခကြောင့် ဖြစ်ပေါ်လာသည့် ဒေါသကို အောင့်အီးသည်းခံနေခိုက်မှာပင် ၅-နာရီခွဲ ရထားထွက်သွားသည်။ ကျွန်တော် စောင့်နေရသည့် အမှတ် (၂) စင်္ကြံ ရထား လမ်းကတော့ ဟာလာဟင်းလင်း။ အခါတိုင်း သွားနေ ကြလို လိုင်းကားစီးသွားရင် အကောင်းသား၊ အခုတော့ အိပ်ရေးကလည်း ပျက်၊ ရထားကလည်း မလာ၊ ကျွန်တော် စိတ်ဓာတ်ကျနေပြီ။
““ မှုန်တွေငြီးညူ၊ စောင့်သူများရဲ့ ဝေဒနာ၊ သင်စာနာဘို့ကောင်းတယ် ””
သည်ကဗျာတစ်ပိုဒ်က အိပ်ရေးပျက်သောကြောင့်မှုန်တွေနေသော၊ ထိုင်ရတာ ကြာလာသောကြောင့် ငြီးညူနေသော၊ ရထားအလာကို စောင့်နေသော ကျွန်တော့်ရင်ဘတ်တည့်တည့်ကို ၀င်တိုးသည်။
စောင့်သူများရဲ့ ဝေဒနာ . . .၊
စောင့်သူများရဲ့ ဝေဒနာ . . .၊
ကျွန်တော် လက်သီးကို တင်းတင်း ဆုပ်မထားတော့ပါ။
ဖိနပ်ကို ချွတ်ကာ ဖင်ခုထိုင်ပြီး သည်ကဗျာတစ်ပိုဒ်ကို အထပ်ထပ်ရေရွတ်ရင်း . . .။
8 8 8
သင့်ရဲ့ လူရောင်စုံခြင်းတွဲ
မြို့ပြထဲကိုဖြတ်
လယ်ကွင်းစပ်များကိုကျော်
ကြွေးကျော်သံနဲ့အတူ
တက်ကြွဆူညံပစေပေါ့ . .။
တကယ်တော့ ကျွန်တော်တို့အားလုံးသည် တစ်ခုခုကို စောင့်မျှော်နေကြသူများသာဖြစ်သည်။ မွေးလာကတည်းက စောင့်ခဲ့ကြသည်။ မွေးကင်းစ ကလေး တစ်ယောက် လမ်းလျှောက်နိုင်ဖို့ အချိန်ကို စောင့်ရသည်။ ထမင်းစာနိုင်ဖို့၊ လမ်းလျှောက် နိုင်ဖို့ စောင့်ခဲ့ရသည်။
ထမင်းစားနိုင် လမ်းလျှောက်နိုင်ပြီဆိုလျှင် ကျောင်းတက်နိုင်ဖို့ စောင့်ရသည်။ ထို့နောက် တစ်နှစ်ပြီးတစ်နှစ် တစ်တန်း ပြီးတစ်တန်းအောင်ဖို့ စောင့်ခဲ့ရသည်။
ပေးဖို့စောင့်နေရတာရှိသလို ယူဖို့ စောင့်နေရတာလည်းရှိသည်။
ဗုဒ်္ဓမြတ်စွာသည် သဗ်္ဗညုတဥာဏ်ကိုရဖို့ လူအများအား တရားရေအေးတိုက်ကြွေးဖို့ လေးသင်္ချေနှင့် ကမ်္ဘာ တစ်သိန်း ကာလရှည်ကြာစွာ စောင့်ခဲ့ရသည်။
ယသောဓရာဒေ၀ီသည် သိဒ်္ဓတ်္ထမင်းသား ပြန်အလာကို ခြောက်နှစ်တိတိ စောင့်ခဲ့သည်။ ယသောဓရာဒေ၀ီက သိဒ်္ဓတ်္ထ မင်းသားကို စောင့်နေချိန်မှာတော့ သိဒ်္ဓတ်္ထမင်းသားက သဗ်္ဗညုတဥာဏ်တော်ကိုရဖို့ ရှာဖွေစောင့်ဆိုင်း နေရသည်။
လူ့ဘ၀ဟူသည်မှာ အဆုံးအစရှည်လျားလှသည့် စောင့်ဆိုင်းမှုပင်။ မိန်းကလေးငယ်တစ်ယောက်သည် သူချစ်ခင် နှစ်သက်သူထံမှ ချစ်ခွင့်ပန်မှုကို၊ ယောက်ျားငယ် တစ်ယောက်သည် မိန်ကလေးထံမှ အဖြေစကား ကိုရဖို့ စောင့်ရသည်။ တစ်ခါတစ်ရံ သေဖို့ကိုပင် စောင့်နေရသူများရှိတတ်သည်။
အရွယ်ရောက်လာသူတစ်ယောက် လူတစ်လုံး သူတစ်လုံးဖြစ်ဖို့၊ ကိုယ့်အိမ် ကိုယ့်ယာလေးနဲ့ဖြစ်ဖို့၊ ကိုယ့်သား မယားနှင့် ကိုယ် ဖြစ်ဖို့စောင့်ရသည်။
မိမိက စောင့်ရသူဖြစ်သလို မိမိကို စောင့်နေသူများလည်းရှိသည်။ ကျွန်တော်တို့ ပြုလုပ်အားထုတ်ခဲ့သော ကုသိုလ် ကောင်းမှုများက ကောင်းကျိုးသုခကိုပေးရန် စောင့်နေကြသည်။ မကောင်းမှု အကုသိုလ်များက ဆိုးကျိုးဒုက်္ခပေးရန် စောင့်နေကြ သည်။
သေခြင်းတရားက သတ်္တ၀ါအားလုံးကို စောင့်နေတာကတော့ အသေအချာ။
8 8 8
သင့်ရဲ့ဝမ်းထဲ
လူတန်းစားပေါင်းစုံ
အရုဏ်ကို ချီတက်
မျှော်လင့်ချက်တွေနဲ့။
ပြောနေကြအတိုင်း ကျွန်တော်တို့သည် ပုထုဇဉ်များဖြစ်ကြသည်။ အယူအဆ, အမြင် အတွေး, မှတ်သားမှု, စွဲလမ်းမှု အမှားများဖြင့် မဖြစ်နိုင်တာကို စောင့်နေတာ မျိုးပင် ရှိတတ်သည်။
တစ်ခါက မိခင်အိုကြီးတစ်ယောက်၏ အဖြစ်ကတော့ သနားစရာ။ သူ့မှာ သားလေးတစ်ယောက်ရှိသည်။ သူ့သားလေး က အလုပ်ကိစ်္စတစ်ခုနှင့် ခရီးထွက်သွားရာ လမ်းတွင် ငှက်ဖျားမိပြီး သေဆုံးသွားသည်။ သူ့သား သေဆုံးသွားကြောင်း အခြားလူတွေ ပြောပြတော့လည်း လက်မခံ။ မယုံကြည်။ တစ်နေ့မှာ သူ့သားလေး ပြန်လာ မည်ဟုပဲ ယုံကြည်ထင်မှတ်နေသည်။ နေ့စဉ်နေ့တိုင်း ထမင်းဝိုင်းပြင်ပြီး သူ့သားလေးပြန်အလာကို စောင့်နေသည်။ သူ့သား လုံးဝပြန်မလာနိုင်တော့တာကို လက်မခံ ဘဲ သူကိုယ်တိုင်သေဆုံးသွားသည်ထိ နေ့စဉ်ထမင်းဝိုင်းပြင်ပြီး သူ့သားလေးကို စောင့်ခဲ့သည်တဲ့။ ၀မ်းနည်းစရာပင်။ အစားထိုး မရသည့် မိဘမေတ်္တာ ကိုလည်း နားလည် သဘောပေါက်စရာပင်။
စောင့်သူများအကြောင်း ပြောရလျှင် ဆုံးနှိုင်စရာပင်မရှိ။ ကျွန်တော်တို့သည် စောင့်သူများလား၊ အစောင့်ခံနေ ရသူ များလား တွေးဆစရာ။
မျိုးဆက်သစ်များက လွတ်လပ်ငြိမ်းချမ်းသော အမှန်တရားကို စောင့်မျှော်နေကြသည်။ အထက်မှာ ပြောခဲ့ သည့် အမယ်အိုအဖြစ်လို ကြုံတွေ့မှာကိုတော့ မည်သူမျှ လိုလားမည်မထင်။
“ အရာရာ၌ တစ်စုံတစ်ခုသော မျှော်လင့်ချက်ဖြင့် အလုပ်လုပ်သူတိုင်း မျှော်လင့်ချက်ပေးနိုင်သူတို့၏ လှည့်ဖြား လိမ်လည်ခြင်း ခံရသည်မှာ ဓမ်္မတာပင်တည်း၊ လိမ်သူ ၏ အပြစ်မဟုတ် ” ဟု ဓမ်္မာစရိယ ဦးဌေးလှိုင်က ရဟန်္တာနှင့် ပုဂ်္ဂိုလ်ထူး များ စာအုပ်တွင် ရေးခဲ့ဖူးသည်။ သိပ်တော့ ခံတွင်း မတွေ့လှ။ အလုပ်လုပ်ပြီဆိုမှတော့ မျှော် လင့်ချက်ရှိရမည်ပင်။ မျှော်လင့်ချက် ပေးနိုင်သူတို့၏ လိမ်လည်ခြင်းကို မည်သူမျှခံချင်ကြမည်မဟုတ်။
ကျွန်တော်တို့ မျှော်လင့်စောင့်စားခဲ့ရသော အရာတစ်ခုအတွက် လိမ်လည်လှည့်ဖြားခံရလျှင် ပူလောင်ရမည် မှာ သေချာသည်။ ကျွန်တော်တို့ ပြောနေကြအတိုင်း လူဆိုတာ မျှော်လင့်ချက်ရှိကြသည် မဟုတ်လား။ လိုလားသောအရာများကို မျှော်လင့်ချက်နှင့် စောင့်နေသူများ မဟုတ်လား။
8 8 8
ဒီမှာ
အချိန်မမှန်ရှာတဲ့
နာရီအို တစ်လုံးကို စွန့်ပစ်
သင့်ကို ချစ်တဲ့သူတွေခေါ်
စံတော်ချိန် အသစ်နဲ့အပြိုင်
ကမ်္ဘာကြီးကို ရင်ဆိုင်ရအောင် . . .။
ဘူတာစင်္ကြံ မလက်ဖောင်းပေါ်တွင် ဖိနပ်ကို ဖင်ခုထိုင်ကာ ကဗျာကို ရွတ်လိုက်၊ စဉ်းစားလိုက်ဖြင့် ၆-နာရီ ထိုးသွားသည်။ ၆-နာရီ ရထားပင် ထွက်ခွါသွားပြီ။ ၅-နာရီ ရထားကတော့ဖြင့် ရောက်မလာပါ။ စိတ်ထဲမှ သည်းမခံနိုင်မှုသည် အပြင်သို့ လျှံကျလာလေပြီ။
“ လာဗျာ . .မသီတာ . .စောင့်မနေနဲ့၊ ပြန်ကြရအောင်၊ လာမှာလည်း မဟုတ်တော့ဘူး၊ ”
ကျွန်တော့်အား ဘူတာကြီးသို့ လိုက်ပို့ပေးသည့် မသီတာအား စိတ်မရှည်စွာ ပြောမိသည်။ သူကတော့ မိန်းက လေး ဆိုတော့ စိတ်ရှည်သည်။ သူများတွေလည်း စောင့်နေကြတာပဲ၊ နာရီဝက်လောက်တော့ စောင့်ပါဦး၊ နာရီဝက်နေလို့မှ မလာရင် ပြန်မယ် ဟု ထပ်ပြီး အချိန်ဆွဲနေပြန်သည်။ နာရီဝက်ကြီးများတောင် . .ဘုရားရေ . .ဟု မဲ့ရွဲ့သော မျက်နှာထားဖြင့် ပြောတော့ မသီတာက ကျွန်တော့်ဒေါသကို ရှောင်သည့်အနေဖြင့် စကြံခုံပေါ် သွားထိုင်နေသည်။
တကယ်တော့ နာရီဝက်သာမက တစ်နာရီတိတိ ထပ်စောင့်ခဲ့ပါသည်။ ၇-နာရီ ထိုးသည့်တိုင် ရထားက တော့ဖြင့် ရောက်မလာပါ။ ကျွန်တော်လည်း အမယ်အိုလို မလာနိုင်တော့တာကို စောင့်ခဲ့မိပြီဖြစ်သည်။ ၇-နာရီထိုးတော့ ခရီးဆောင်အိတ် ကိုဆွဲကာ ဘူတာကြီးထဲမှ ထွက်လာခဲ့သည်။
ကိုယ့်အဖြစ်ကိုယ် ရယ်ချင်သော်လည်း မရယ်နိုင်တော့။ အိပ်ရေးပျက်မှုနှင့် စိတ်ပင်ပန်းမှုဒဏ်ကြောင့် မကြည် မသာ ဖြစ်သွားပြီ။ အတွဲ ၁၂၊ ခုံနံပါတ် ၈ ဟူသော ရိုးရိုးတန်းလက်မှတ်ပြားလေးကို လက်မနှင့်ညှပ်ကာ အဝေး တစ်နေရာသို့ တောက်ထုတ်ပစ်လိုက်သည်။
ပြန်မလာသေးပါလား
ညဥ့်နက်လှပြီ
အိပ်လို့လည်းမရပါဘူး
ဒီလိုနဲ့ တစ်မိုးသောက်တော့မယ်
ကဗျာဆရာ သော်ဇင်အုန်း၏ “ လူငယ်တစ်ယောက်ရဲ့ မိခင် ” ကဗျာက ရင်ဘတ်ထဲမှ ထ,မြည်လာသည်။
“ ဟဲလို . . ကိုသော်ဇင်အုန်း . . ကျွန်တော့်အမေကလည်း မိုးသောက်တဲ့အထိ ကျွန်တော့်ကို စောင့်နေရော့မယ်၊ အမေ အိပ်ပျော်အောင်တော့ ဖုန်းဆက်မှ ဖြစ်တော့မယ် ”” ။ ။
သားအေးည
0 comments:
Post a Comment