ပေးဆပ်သူတို့ နှလုံးသား
ဘုရားအစရှိသော သူတော်ကောင်းတို့၏နှလုံးသားသည် ရယူပိုင်ဆိုင်ခြင်းထက် ပေးဆပ်ရခြင်းကိုသာ တန်ဘိုးထား မြတ်နိုးတော်မူပါပေသည်။
ဤလောက၌ များသောအားဖြင့် လူသားတို့သည် တဏှာ မာန ဒိဋ္ဌိ တည်းဟူသော အတ္တကြိုး အမျိုးမျိုး တို့ ဖြင့် မိမိကိုယ်ကို တုပ်နှောင်ဖွဲ့ချည်လျက် မွေးဖွားလာကြ၏။ ယင်းအတ္တကြိုးတို့၏ ချည်တုပ်နှောင်ဖွဲ့မှုမှ မ ရုန်းထွက်နိုင်သေးသမျှ သူ့ထက် ငါ အပြိုင်အဆိုင်ပင် ရယူပိုင်ဆိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားအားထုတ် နေကြဦးမည်သာဖြစ်သည်။ ထိုသို့ကြိုးစားရင်းဖြင့် တစ်ဦးနှင့်တစ်ဦး တစ်မိသားစုနှင့် တစ်မိသားစု တစ်ပါတီ နှင့် တစ်ပါတီ နောက်ဆုံး တစ်နိုင်ငံနှင့် တစ်နိုင်ငံစသည်ဖြင့် ခိုက်ရန်ဒေါသ မာန်မာနများ ၀ိသမလောဘများ တစတစပွါးစီးလို့ အားကြီးတဲ့ မသိမှုမောဟများဖြင့် ကမ္ဘာလောကကြီး စစ်မီးလောင်ကျွမ်းသည်အထိ အကြိမ် ကြိမ် ဒုက္ခရောက်ခဲ့ကြရပေသည်။
ငါ့အတွက် ငါ့မိသားစုအတွက် ငါ့ချစ်သူအတွက် ငါ့ ဆွေမျိုး ငါ့ရွာ ငါ့မြို့ ငါ့ နိုင်ငံအတွက်ဆိုပြီး ငါ-ဆိုတဲ့ အတ္တတွေ လွှမ်းမိုးနေသမျှ ငါ နေထိုင်ရာ ဟောဒီကမ္ဘာလောကကြီး ဘယ်တော့များ ဘယ်လောက်များ အေးငြိမ်းချမ်းသာမှုတွေ ရရှိနိုင်လိမ့်မည်နည်း။
စဇေ ဧကံ ကုလဿတ္ထံ၊ ဂါမဿတ္ထံ ကုလံ စဇေ။
စဇေ ဇနပဒဿတ္ထံ၊ အတ္တတ္ထံ ပထ၀ိံဇဟေ။
မိမိ၏ အမျိုးအနွယ်တခုလုံး ကြီးပွါးချမ်းသာဖို့အတွက် မိမိထံမှ တစ်ခုခုကို စွန့်လွှတ်ရမည်။ နောက်ဆုံး မိမိ၏ ဘ၀ အသက်ကိုပင်လျှင် စွန့်လွှတ်သင့်လျှင် စွန့်လွှတ်ရမည်။ မိမိနေထိုင်ရာ တစ်ရွာလုံး ချမ်းသာဖို့အတွက် မိမိ၏အမျိုးအနွယ်ကို စွန့်လွှတ်ရမည်။ မိမိနေထိုင်ရာ ဇနပုဒ်တစ်ခုလုံး ကြီးပွါးချမ်းသာဖို့အတွက် မိမိ၏ ရွာကို စွန့်လွှတ်ရမည်။ နောက်ဆုံးအနေဖြင့် မိမိ၏အကျိုးစီးပွါးအတွက်ဆိုလျှင်ကား မဟာပထ၀ီမြေကြီးကိုပင် စွန့် လွှတ်ရပေမည်-ဟု အထက်ပါဂါထာစကားက ဆိုလိုပေသည်။
ဗုဒ္ဒမြတ်စွာကိုယ်တော်တိုင် သူချစ်မြတ်နိုးသော သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိဖို့ အားကိုးရာမဲ့ နေသော ကမ္ဘာလောကကြီး၏ ကောင်းကျိုး၊ ဆွေမျိုးဉာတကာတို့၏ ကောင်းကျိုးတွေကို ဆောင်ရွက်နိုင်ဖို့အ တွက် လေးကျွန်းတစ်မြင့်မိုရ် မြေအလုံးကို ပိုင်စိုးသော စကြ၀တေးမင်းစည်းစိမ်ကို လွတ်လွတ်စွန့်လွှတ်ခဲ့ပေ သည်။ ပါရမီတော်များကို ဖြည့်ကျင့်ရာ သံသရာတလျောက်လုံးမှာလည်း မိမိ၏ အသက် သွေး ချွေးပေါင်းများ စွာကို ငဲ့ကွက်တွယ်တာမှု ကင်းမဲ့စွာဖြင့်၊ ရယူပိုင်ဆိုင်မှု မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် စွန့်လျွှတ်ခဲ့ပေသည်။ ထို့ကြောင့်လည်း သူချစ်မြတ်နိုးလှစွာသော သဗ္ဗညုတရွှေဉာဏ်တော်ကြီးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့လေသည်။ ဤ သည်ကိုပင် အတ္တတ္ထံ ပထ၀ိံဇဟေ- မိမိအကျိုးအတွက် မဟာပထ၀ီမြေကြီးနှင့်အမျှသော စည်းစိမ်ချမ်းသာ ကာမဂုဏ်အာရုံများစွာကို စွန့်လွှတ်ရာ၏ဟု ဆိုလိုခြင်းဖြစ်ပေသည်။ အမှန်တကယ်တော့ စွန့်လွှတ်ခြင်းဟူ သည် ဆုံးရှုံးခြင်း မဟုတ်။ လျှော်ချည်ကို ပိုးချည်ရွှေချည်ဖြင့် လဲထမ်းသကဲ့သို့ မကောင်းတာတွေကို စွန့်လွှတ် လိုက်သဖြင့် ကောင်းခြင်းများစွာကို ရယူပိုင်ဆိုင်ရခြင်းပင်ဖြစ်ပေသည်။ ဤသဘောတရားကို နားမလည်သူ တွေက စွန့်လွှတ်လိုက်ရသဖြင့် ဆုံးရှုံးသွားသည်၊ နစ်နာသွားသည်ဟု ထင်မှတ်မှားကြလေတော့ စွန့်လွှတ်ဖို့ ၀န်လေးနေကြတော့သည်။
ဗုဒ္ဓမြတ်စွာက-
လောက၌ လူသားတို့သည် များသောအားဖြင့် ချမ်းသာသုခများစွာကို ခံစားစံစားလိုသော်လည်း မိမိ လက်ရှိပိုင်ဆိုင်ထားသော ချမ်းသာသုခ အနည်းငယ်မျှကိုကား စွန့်လွှတ်ရန် ၀န်လေးနေကြပေသည်။ စွန့် လွှတ်မှု မရှိဘဲနှင့် ရယူပိုင်ဆိုင်မှုဆိုတာ ရှိနိုင်မည်မဟုတ်ပေ။ အပင်စိုက်မှ အသီးစားရသည်မဟုတ်ပါလား။ Sow first, then reap- သုခလိုလျှင် ဒုက္ခနဲ့ ရင်းရမည်။ အရင်းအနှီးများမှ အမြတ်များများရမည်။ စိုက်ပျိုးကြဲ ချခြင်းမရှိဘဲနှင့် ရိတ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ပေ။ ရိတ်သိမ်းရာမှာလည်း စပါးစေ့ကို စိုက်လျှင် စပါးပင်ကိုသာ ရိတ်သိမ်းရလိမ့်မည်။ အခြားအရာများကို ရိတ်သိမ်းခွင့် ရပိုင်ခွင့် မရှိပေ။ ထို့အတူပဲ မိမိတို့တတွေ ကောင်းမှု မျိုးစေ့များကို စိုက်ပျိုးကြဲချထားလျှင် ကောင်းကျိုးများကိုသာ ခံစားရိတ်သိမ်းရလိမ့်မည်။ အကုသိုလ်မျိုးစေ့ များကို စိုက်ပျိုးမှားလျှင်ကား မကောင်းကျိုးများကို မရိတ်သိမ်းချင်လဲ ရိတ်သိမ်းရပေလိမ့်မည်။ ဤကား လောကနိယာမသဘာဝပေတည်း။ သို့ဆိုလျှင် ရိတ်သိမ်းချိန်ရောက်မှ မလိုချင်တာတွေကို နောင်တတရား ကြီးစွားနှင့် မရိတ်သိမ်းရဖို့အတွက် စိုက်ပျိုးချိန်မှာ မျိုးစေ့မှန်ကန်ဖို့ အထူးဂရုစိုက်ဖို့ လိုအပ်ပေမည်။
မိမိတို့သည် အရာအားလုံးကို ရယူပိုင်ဆိုင်ဖို့ချည်း ကြိုးစားအားထုတ်နေကြ၏။ ပြန်လည်ပေးဆပ်ဖို့ကို တော့ များသောအားဖြင့် မေ့လျော့နေကြပေသည်။ လောက၌ မိဘများက သားသမီးများအတွက် ဘ၀ အသက် ရင်းနှီးပြီးတော့ ပေးဆပ်ကြသလို သားသမီးများကလည်း မိဘများအတွက် ပြန်လည်ပေးဆပ်သင့် ပေသည်။ ဆရာသမားများက တပည့်များအတွက် နာပေါင်းများစွာဖြင့် ပေးဆပ်ကြသလို တပည့်များက လည်း ဆရာများအတွက် ပြန်လည်ပေးဆပ်အပ်ပေသည်။ ထို့အတူ လူသားအားလုံး တစ်ဦးနှင့်တစ်ဦး အပြန် အလှန် ပေးဆပ်ခြင်းဖြင့် ပေါင်းသင်းနေထိုင်ကြမည်ဆိုလျှင် ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာမှုတွေနှင့် သာယာလှပနေပေလိမ့်မည်။ လောကကြီးအတွင်း၌ စုန်ရေတွေချည်း ထာဝစဉ် စီးဆင်းနေလို့မဖြစ်။ ဆန်ရေ တွေလည်း ပြန်ဝေးပေးနိုင်အောင် ကြိုးစားရပေလိမ့်မည်။
များများပေးဆပ်နိုင်မှ များများရယူ ပိုင်ဆိုင်နိုင်မည်။ နည်းနည်းပေးဆပ်လျှင် နည်းနည်းသာ ရယူပိုင် ဆိုင်နိုင်မည်။ ပေးဆပ်ခြင်းမရှိသူအတွက် ရယူပိုင်ဆိုင်မှုဆိုတာ နတ္ထိ၊ အလျဉ်းမရှိပေ။ ဤသဘောကို နားမ လည်ကြသော လူအများစုသည် ရယူပိုင်ဆိုင်ဖို့ချည်း နေ့စဉ်နှင့်အမျှ ကိုယ်ပင်ပန်း စိတ်ပင်ပန်းစွာဖြင့် ကြိုး စားအားထုတ်နေကြပေမဲ့ ရလာတာနဲ့ ပင်ပန်းတာနဲ့ မမျှ၊ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေကြပေသည်။
(၁) မိမိတို့၏ ကိုယ်အင်္ဂါကြီးငယ် စွန့်လွှတ်ရမှာကို စိုးကြောက်သူတွေက ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်ကြ သည်။
(၂) အသက်သေရမှာကို စိုးကြောက်သူတွေက ကိုယ်အင်္ဂါကြီးငယ်ကို စွန့်လွှတ်ကြသည်။
(၃) တရားအသိ ရင်ဝယ်ရှိကြသော ပညာရှိသူတော်ကောင်းတွေကတော့ ပစ္စည်းဥစ္စာ၊ အင်္ဂါကြီးငယ်နှင့်တ ကွ မိမိတို့၏အသက်ကိုပင် စွန့်လွှတ်နိုင်ကြပေသည်-ဟု မိန့်မှာတော်မူခဲ့ပေသည်။ မှန်ပေသည်။ အတ္တကြီးသူ များသည် ဘယ်အရာကိုမှ မစွန့်လွှတ်ချင်ကြပေ။ အသာစံရလျှင်ပြီးရော။ အနာခံဖို့ စိတ်ကူးတောင် မယဉ် တတ်ကြပေ။ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် အရာအားလုံးကို ပေးဆပ်စွန့်လွှတ်လျက် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့လေသည်။ မိမိတို့ ဗုဒ္ဓဘာသာဝင်များအဖို့ ဗုဒ္ဓနည်းတူ လိုက်နာကျင့်သုံးလျက် ဗုဒ္ဓကို အတုယူဖို့။ ဗုဒ္ဓနည်းတူ မိမိတို့ကိုယ်တိုင် အနုဗုဒ္ဓများဖြစ်လျက် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့ ကြိုးစားအားထုတ် သင့်လှပေသည်။ ဤလောက၌ မိမိတို့ အတုယူဖို့ အကောင်းဆုံးသောပုဂ္ဂိုလ်သည်ကား ဗုဒ္ဓမှတပါး အခြား ရှိနိုင်မည်မဟုတ်ပေ။
The blind leading the blind - အကန်းက အကန်းကို လမ်းပြ၊ မသိသူက မတတ်သူကို ဆရာ လုပ်နေကြသောလောက၌ ဗုဒ္ဓနှင့်တကွသော အရိယာသူတော်ကောင်းများ၊ သာဝကသံဃာတော်အရှင်သူ မြတ်များသည် မိမိတို့အတွက် ကလျာဏမိတ္တ- မိတ်ကောင်းဆွေမွန်များပင်ဖြစ်ကြလေသည်။ မိတ်ကောင်း ဆွေမွန်များကို ပေါင်းသင်းလျက် မိမိတို့ဘ၀ကို လဆုတ်ပက္ခ ထွက်သောလကဲ့သို့ အလင်းရောင်ပျောက် အမှောင်ရောက်မှု မဖြစ်စေပဲ လဆန်းပက္ခ ထွက်သောလကဲ့သို့ အမှောင်ပယ်ဖျောက် အလင်းတောက်လျက် ကုသိုလ်တရားတို့ဖြင့် တည်ဆောက်နိုင်ကြပါစေဟု ဆန္ဒပြုရင်းဖြင့်..........။
ဗုဒ္ဒမြတ်စွာကိုယ်တော်တိုင် သူချစ်မြတ်နိုးသော သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိဖို့ အားကိုးရာမဲ့ နေသော ကမ္ဘာလောကကြီး၏ ကောင်းကျိုး၊ ဆွေမျိုးဉာတကာတို့၏ ကောင်းကျိုးတွေကို ဆောင်ရွက်နိုင်ဖို့အ တွက် လေးကျွန်းတစ်မြင့်မိုရ် မြေအလုံးကို ပိုင်စိုးသော စကြ၀တေးမင်းစည်းစိမ်ကို လွတ်လွတ်စွန့်လွှတ်ခဲ့ပေ သည်။ ပါရမီတော်များကို ဖြည့်ကျင့်ရာ သံသရာတလျောက်လုံးမှာလည်း မိမိ၏ အသက် သွေး ချွေးပေါင်းများ စွာကို ငဲ့ကွက်တွယ်တာမှု ကင်းမဲ့စွာဖြင့်၊ ရယူပိုင်ဆိုင်မှု မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် စွန့်လျွှတ်ခဲ့ပေသည်။ ထို့ကြောင့်လည်း သူချစ်မြတ်နိုးလှစွာသော သဗ္ဗညုတရွှေဉာဏ်တော်ကြီးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့လေသည်။ ဤ သည်ကိုပင် အတ္တတ္ထံ ပထ၀ိံဇဟေ- မိမိအကျိုးအတွက် မဟာပထ၀ီမြေကြီးနှင့်အမျှသော စည်းစိမ်ချမ်းသာ ကာမဂုဏ်အာရုံများစွာကို စွန့်လွှတ်ရာ၏ဟု ဆိုလိုခြင်းဖြစ်ပေသည်။ အမှန်တကယ်တော့ စွန့်လွှတ်ခြင်းဟူ သည် ဆုံးရှုံးခြင်း မဟုတ်။ လျှော်ချည်ကို ပိုးချည်ရွှေချည်ဖြင့် လဲထမ်းသကဲ့သို့ မကောင်းတာတွေကို စွန့်လွှတ် လိုက်သဖြင့် ကောင်းခြင်းများစွာကို ရယူပိုင်ဆိုင်ရခြင်းပင်ဖြစ်ပေသည်။ ဤသဘောတရားကို နားမလည်သူ တွေက စွန့်လွှတ်လိုက်ရသဖြင့် ဆုံးရှုံးသွားသည်၊ နစ်နာသွားသည်ဟု ထင်မှတ်မှားကြလေတော့ စွန့်လွှတ်ဖို့ ၀န်လေးနေကြတော့သည်။
ဗုဒ္ဓမြတ်စွာက-
မတ္တာ သုခပရိစ္စာဂါ၊ ပေဿ စေ ၀ိပုလံ သုခံ။
စဇေ မတ္တာ သုခံ ဓီရော၊သမ္ပဿံ ၀ိပုလံ သုခံ။
အနည်းငယ်မျှသော ချမ်းသာလေးကို ပေးစွန့်လိုက်ကာမျှဖြင့် ကြီးကျယ်ခမ်းနားများပြားသော ချမ်းသာသုခ များနှင့် ပြည့်စုံမည်ဆိုလျှင် ပညာရှိသူတော်ကောင်းသည် ချမ်သာသုခ အနည်းငယ်လေးကို စွန့်လွှတ်ရမည်- ဟု မိန့်ဆိုတော်မူခဲ့လေသည်။ မိမိတို့ ကြားဖူးနေကျ စကားအရဆိုလျှင် ထောင်မြင်လျှင် ရာ စွန့်ရမည်ဟု ဆို လိုခြင်းပင်ဖြစ်သည်။ လောက၌ လူသားတို့သည် များသောအားဖြင့် ချမ်းသာသုခများစွာကို ခံစားစံစားလိုသော်လည်း မိမိ လက်ရှိပိုင်ဆိုင်ထားသော ချမ်းသာသုခ အနည်းငယ်မျှကိုကား စွန့်လွှတ်ရန် ၀န်လေးနေကြပေသည်။ စွန့် လွှတ်မှု မရှိဘဲနှင့် ရယူပိုင်ဆိုင်မှုဆိုတာ ရှိနိုင်မည်မဟုတ်ပေ။ အပင်စိုက်မှ အသီးစားရသည်မဟုတ်ပါလား။ Sow first, then reap- သုခလိုလျှင် ဒုက္ခနဲ့ ရင်းရမည်။ အရင်းအနှီးများမှ အမြတ်များများရမည်။ စိုက်ပျိုးကြဲ ချခြင်းမရှိဘဲနှင့် ရိတ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ပေ။ ရိတ်သိမ်းရာမှာလည်း စပါးစေ့ကို စိုက်လျှင် စပါးပင်ကိုသာ ရိတ်သိမ်းရလိမ့်မည်။ အခြားအရာများကို ရိတ်သိမ်းခွင့် ရပိုင်ခွင့် မရှိပေ။ ထို့အတူပဲ မိမိတို့တတွေ ကောင်းမှု မျိုးစေ့များကို စိုက်ပျိုးကြဲချထားလျှင် ကောင်းကျိုးများကိုသာ ခံစားရိတ်သိမ်းရလိမ့်မည်။ အကုသိုလ်မျိုးစေ့ များကို စိုက်ပျိုးမှားလျှင်ကား မကောင်းကျိုးများကို မရိတ်သိမ်းချင်လဲ ရိတ်သိမ်းရပေလိမ့်မည်။ ဤကား လောကနိယာမသဘာဝပေတည်း။ သို့ဆိုလျှင် ရိတ်သိမ်းချိန်ရောက်မှ မလိုချင်တာတွေကို နောင်တတရား ကြီးစွားနှင့် မရိတ်သိမ်းရဖို့အတွက် စိုက်ပျိုးချိန်မှာ မျိုးစေ့မှန်ကန်ဖို့ အထူးဂရုစိုက်ဖို့ လိုအပ်ပေမည်။
မိမိတို့သည် အရာအားလုံးကို ရယူပိုင်ဆိုင်ဖို့ချည်း ကြိုးစားအားထုတ်နေကြ၏။ ပြန်လည်ပေးဆပ်ဖို့ကို တော့ များသောအားဖြင့် မေ့လျော့နေကြပေသည်။ လောက၌ မိဘများက သားသမီးများအတွက် ဘ၀ အသက် ရင်းနှီးပြီးတော့ ပေးဆပ်ကြသလို သားသမီးများကလည်း မိဘများအတွက် ပြန်လည်ပေးဆပ်သင့် ပေသည်။ ဆရာသမားများက တပည့်များအတွက် နာပေါင်းများစွာဖြင့် ပေးဆပ်ကြသလို တပည့်များက လည်း ဆရာများအတွက် ပြန်လည်ပေးဆပ်အပ်ပေသည်။ ထို့အတူ လူသားအားလုံး တစ်ဦးနှင့်တစ်ဦး အပြန် အလှန် ပေးဆပ်ခြင်းဖြင့် ပေါင်းသင်းနေထိုင်ကြမည်ဆိုလျှင် ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာမှုတွေနှင့် သာယာလှပနေပေလိမ့်မည်။ လောကကြီးအတွင်း၌ စုန်ရေတွေချည်း ထာဝစဉ် စီးဆင်းနေလို့မဖြစ်။ ဆန်ရေ တွေလည်း ပြန်ဝေးပေးနိုင်အောင် ကြိုးစားရပေလိမ့်မည်။
များများပေးဆပ်နိုင်မှ များများရယူ ပိုင်ဆိုင်နိုင်မည်။ နည်းနည်းပေးဆပ်လျှင် နည်းနည်းသာ ရယူပိုင် ဆိုင်နိုင်မည်။ ပေးဆပ်ခြင်းမရှိသူအတွက် ရယူပိုင်ဆိုင်မှုဆိုတာ နတ္ထိ၊ အလျဉ်းမရှိပေ။ ဤသဘောကို နားမ လည်ကြသော လူအများစုသည် ရယူပိုင်ဆိုင်ဖို့ချည်း နေ့စဉ်နှင့်အမျှ ကိုယ်ပင်ပန်း စိတ်ပင်ပန်းစွာဖြင့် ကြိုး စားအားထုတ်နေကြပေမဲ့ ရလာတာနဲ့ ပင်ပန်းတာနဲ့ မမျှ၊ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေကြပေသည်။
စဇေ ဓနံ အင်္ဂ၀ရဿဟေတု၊ အင်္ဂံစဇေ ဇီဝိတံ ရက္ခမာနော။
ဓနံ အင်္ဂံဇီဝိတဉ္စာပိ သဗ္ဗံ၊ စဇေ နရော ဓမ္မမနုဿရန္တော။
ဗုဒ္ဒမြတ်စွာက - ချစ်သားတို့ ရယူပိုင်ဆိုင်ဖို့ချည်း ကြိုးစားအားထုတ်ပြီး မနေကြလေနှင့်။ လောကလူသား တွေက-(၁) မိမိတို့၏ ကိုယ်အင်္ဂါကြီးငယ် စွန့်လွှတ်ရမှာကို စိုးကြောက်သူတွေက ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်ကြ သည်။
(၂) အသက်သေရမှာကို စိုးကြောက်သူတွေက ကိုယ်အင်္ဂါကြီးငယ်ကို စွန့်လွှတ်ကြသည်။
(၃) တရားအသိ ရင်ဝယ်ရှိကြသော ပညာရှိသူတော်ကောင်းတွေကတော့ ပစ္စည်းဥစ္စာ၊ အင်္ဂါကြီးငယ်နှင့်တ ကွ မိမိတို့၏အသက်ကိုပင် စွန့်လွှတ်နိုင်ကြပေသည်-ဟု မိန့်မှာတော်မူခဲ့ပေသည်။ မှန်ပေသည်။ အတ္တကြီးသူ များသည် ဘယ်အရာကိုမှ မစွန့်လွှတ်ချင်ကြပေ။ အသာစံရလျှင်ပြီးရော။ အနာခံဖို့ စိတ်ကူးတောင် မယဉ် တတ်ကြပေ။ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် အရာအားလုံးကို ပေးဆပ်စွန့်လွှတ်လျက် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့လေသည်။ မိမိတို့ ဗုဒ္ဓဘာသာဝင်များအဖို့ ဗုဒ္ဓနည်းတူ လိုက်နာကျင့်သုံးလျက် ဗုဒ္ဓကို အတုယူဖို့။ ဗုဒ္ဓနည်းတူ မိမိတို့ကိုယ်တိုင် အနုဗုဒ္ဓများဖြစ်လျက် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့ ကြိုးစားအားထုတ် သင့်လှပေသည်။ ဤလောက၌ မိမိတို့ အတုယူဖို့ အကောင်းဆုံးသောပုဂ္ဂိုလ်သည်ကား ဗုဒ္ဓမှတပါး အခြား ရှိနိုင်မည်မဟုတ်ပေ။
The blind leading the blind - အကန်းက အကန်းကို လမ်းပြ၊ မသိသူက မတတ်သူကို ဆရာ လုပ်နေကြသောလောက၌ ဗုဒ္ဓနှင့်တကွသော အရိယာသူတော်ကောင်းများ၊ သာဝကသံဃာတော်အရှင်သူ မြတ်များသည် မိမိတို့အတွက် ကလျာဏမိတ္တ- မိတ်ကောင်းဆွေမွန်များပင်ဖြစ်ကြလေသည်။ မိတ်ကောင်း ဆွေမွန်များကို ပေါင်းသင်းလျက် မိမိတို့ဘ၀ကို လဆုတ်ပက္ခ ထွက်သောလကဲ့သို့ အလင်းရောင်ပျောက် အမှောင်ရောက်မှု မဖြစ်စေပဲ လဆန်းပက္ခ ထွက်သောလကဲ့သို့ အမှောင်ပယ်ဖျောက် အလင်းတောက်လျက် ကုသိုလ်တရားတို့ဖြင့် တည်ဆောက်နိုင်ကြပါစေဟု ဆန္ဒပြုရင်းဖြင့်..........။
မိတ်ကောင်းမရ၊ လူ့ဗာလ၊ တစစနဲ့ မိုက်ရဲကြ။
ဒုစရိုက်မှန်သမျှ၊ စုံအောင်ပြ၊ ခုဘ၀ထဲက ဆင်းရဲရ။
နောက်ဆုံးကြတော့ အပါယ်ကျ၊ လဆုတ်ပက္ခ ထွက်သောလ။
မိတ်ကောင်းကိုရ၊ ပဏ္ဍိတ၊ တစစနဲ့ လိမ္မာကြ။
သုစရိုက်မှန်သမျှ၊ စုံအောင်ပြ၊ ခုဘ၀ထဲက ချမ်းသာရ။
နောက်ဆုံးကြတော့ နိဗ္ဗာန်ရ၊ လဆန်းပက္ခ ထွက်သောလ။
မိုးဆောင်းနွေ (သန်လျင်)
0 comments:
Post a Comment